(မှု့ခင်း)စက်တင်ဘာ ၂၀

နေပြည်တော်၊တပ်ကုန်မြို့၊ ဆရာစံရပ်ကွက် နယ်မြေ ၇ အတွင်းရှိ ဆင်းရွှေလီလမ်းပေါ်တွင် စက်တင်ဘာ ၁၉ ညနေ ၅ နာရီ ၄၄ မိနစ်အချိန်ခန့်က လူတစ်ဦးသေဆုံးနေ ကြောင်း သိရသည်။
သေဆုံးသူမှာ သက်ဦးမောင်(ခ)ဖိုးကုလား၊ ၄၃နှစ်၊ (ဘ)ဦးခင်မောင်ညွန့် နယ်မြေ ၆ ဆရာစံရပ်ကွက် နေထိုင်သူဖြစ်ကြောင်းသိရပြီး ၎င်းသည် အရက်အလွန်ကျွံသောက်သူ ဖြစ်ကြောင်း မိဘဆွေးမျိုးများနှင့် ပတ်ဝန်းကျင်ကပြောကြားချက်အရ သိရသည်။
အဆိုပါ ရုပ်အလောင်းအား ဆက်လက်စစ်ဆေးနိူင်ရန် မြို့နယ်ရဲတပ်ဖွဲ့မှ ကုတင် ၁၀၀ တပ်ကုန်းဆေးရုံသို့ “မေတ္တာရိပ်”လူမှူ့ကူညီရေးအသင်း(နာရေး)မော်တော်ယာဥ်ဖြင့် ပို့ဆောင်ထားကြောင်း သိရသည်။
#PAN