
(မှုခင်း) စက်တင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ရှားစီးဘို(အောက်စု)ကျေးရွာက ရာအိမ်မှူးကို စက်တင်ဘာ ၁၇ ရက်နေ့ နံနက် ၉ နာရီ ၁၀ မိနစ်ခန့်က PDF အကြမ်းဖက်တွေ လာရောက်ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
နတ်တလင်းမြို့နယ်၊ ရှားစီးဘို(အောက်စု)ကျေးရွာမှာနေထိုင်တဲ့ ရာအိမ်မှူးဖြစ်သူ ဦးကျော်စိုး(ခ)ဖိုးကျော်(၄၇)နှစ်ဟာ သူ့ရဲ့နေအိမ်မှာ ရှိနေစဉ် PDF အကြမ်းဖက်သမား သုံးဦးက ဆိုင်ကယ်တစ်စီးနဲ့ရောက်ရှိလာပြီး “ဒလန်” လို့ပြောဆိုကာ နေအိမ်အရှေ့ကို ဖမ်း ဆီးခေါ်ဆောင်ပြီး သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
PDF အကြမ်းဖက်သမားတွေရဲ့ပစ်ခတ်မှုကြောင့် ဦးကျော်စိုး(ခ)ဖိုးကျော်မှာ ကျည်ထိမှန်ဒဏ်ရာတွေရရှိကာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။