“အာဆင်နယ်အသင်းက နော်တင်ဟမ် ဖောရက်စ် အသင်းကို ဂိုးပြတ်အနိုင်ရရှိပြီး အမှတ်ပေးဇယားကို ယာယီ ဦးဆောင်”

(အားကစား) စက်တင်ဘာ ၁၄

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက် ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ် ၄ မှာ အာဆင်နယ်အသင်းက နော်တင်ဟမ် ဖောရက်စ်အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့အနိုင်ရရှိပြီး အမှတ်ပေးဇယားကို ယာယီ ဦးဆောင်နိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းနဲ့ နော်တင်ဟမ်ဖောရက်စ်အသင်း ပွဲစဉ်မှာ ပထမပိုင်း မိနစ် ၃၀ အထိ အာဆင်နယ်အသင်းက ဖိအားပေး တိုက်စစ်ဆင် ကစားခဲ့‌သော် ဂိုးမရှိခဲ့ပါဘူး။

နော်တင်ဟမ် ဖောရက်စ်ရဲ့နောက်တန်းကစားသမား မူရီလို ဟာ အာဆင်နယ်တိုက်စစ်ကို ဟန့်တားနိုင်ခဲ့သော်လည်း ပွဲချိန် ၃၁ မိနစ်မှာ ဒဏ်ရရရှိပြီး ပွဲချိန် ၃၇ မိနစ်မှာ လူစား လဲလှယ်ပြီးနောက် အာဆင်နယ်အသင်းမှ ဂိုးများဆက်တိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။

#PAN