(ပြည်တွင်း) သြဂုတ် ၁၄

ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ ပြိုကျပျက်စီးခဲ့သော Sky Villa အဆောက်အဦ A အဆောင်အားရှင်းလင်းရာမှ ရုပ်အလောင်း ၄ လောင်းဖော်ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။

ယနေ့ ညနေ ၄ နာရီကျော်အချိန်က Sky Villa အဆောက်အဦ A အဆောင်အား Asiaworld ကုမ္ပဏီနှင့် မြို့တော်စည်ပင်သာယာရေးကော်မတီပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ရုပ်အလောင်းတွေ့ရှိကြောင်း သတင်းရရှိသဖြင့် အောင်မြေသာစံမြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် A အဆောင် (၃)လွှာ၊ အခန်းအမှတ် E3 မှ အမျိုးသား(၁)ဦး၊ အမျိုးသမီး(၃)ဦး၏ ရုပ်အလောင်းအား ညနေ ၅ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါရုပ်အလောင်း ၄ လောင်းအား “မြတ်သဒ္ဒါ”လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။
#PAN