(ပြည်တွင်း) ဩဂုတ် ၁၁

စင်္ကာပူနိုင်ငံတွင်ရောက်ရှိနေသော မြန်မာနိုင်ငံသားများအနေဖြင့် စင်္ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရက်ချိန်းရရန် အခကြေးငွေပေးရပါက သက်ဆိုင်ရာ အထောက်အထားများပြသ၍ တိုင်ကြားနိုင်ကြောင်း စင်္ကာပူမြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာသံရုံး၊ စင်္ကာပူမြို့တွင် နိုင်ငံကူးလက်မှတ်သက်တမ်း ၁၄ လကျန်ရှိသော မြန်မာနိုင်ငံသားများအနေဖြင့် သံရုံး၏ whatsapp နံပါတ်များဖြစ်သည့် +6581748993 နှင့် +6582468581 တို့ထံ အချက်အလက်များပေးပို့၍ ရက်ချိန်းရယူရန်အသိပေးထားပေမယ့် မသိရှိသေးသောသူများကို မြန်မာနိုင်ငံသားအချင်းချင်း စာနာထောက်ထားမှု မရှိဘဲ အခကြေးငွေရယူပြီး ရက်ချိန်းယူပေးခြင်း များရှိနေတယ် သိရပါတယ်။
ဒါကြောင့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရက်ချိန်းရရန် အခကြေးငွေပေးရပါက ငွေလက်ခံသူ၏ အမည်၊ ငွေပေးချေထားမှုအထောက်အထား၊ ဖုန်းနံပါတ်များအား သံရုံး၏ whatsapp နံပါတ် +6581748993 နှင့် cpu.mesingapore@gmail.com တို့သို့ ဆက်သွယ်တိုင်ကြားနိုင်တယ် သိရပါတယ်။
ထို့ပြင်နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရာတွင် သတ်မှတ်နှုန်းထား များထက် ပိုမိုကောက်ခံပါက ကောင်စစ် အရာရှိ/သံရုံးတာဝန်ခံအရာရှိများထံတိုင်ကြားနိုင်တယ် သိရပါတယ်။
မြန်မာသံရုံး၊ စင်္ကာပူ၌ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းကိုသာ ရက်ချိန်းရယူရမည်ဖြစ်ပြီး ကျန်ကောင်စစ်ဆိုင်ရာ များအတွက် ရက်ချိန်းရယူရန်မလိုဘဲ သံရုံးဖွင့်ရက်များ၏ နံနက် ၉ နာရီခွဲမှ မွန်းတည့် ၁၂ နာရီအတွင်း လာရောက် ပြုလုပ်နိုင်တယ် သိရပါတယ်။