တရားမဝင်ကုန်ပစ္စည်းတင်မော်တော်ယာဉ်များ ဖမ်းဆီးရမိ

(မှုခင်း) သြဂုတ် ၇

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သြဂုတ် ၄ ရက်တွင် အေးရှားဝေါလ် ဆိပ်ကမ်း၌ ကုန်သေတ္တာငါးလုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၆၅၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထိုအတူ ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီမြို အမှတ်(၁)ရပ်ကွက် နှင်းဆီလမ်းလမ်းဘေးတစ်နေရာ၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် သြဂုတ် ၅ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ရတနာပုံ တံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားမဝင်ရွှေသတ္တုတူးဖော်ရာတွင် အသုံးပြုသည့် Toyo Battery အလုံး ၁၅၀ အပါအဝင် ဆက်စပ်ပစ္စည်း အမျိုး ၄၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၇၈၃၀၀၀၀) ကို မြန်မာ့သတ္တု တွင်းဥပဒေအရလည်းကောင်း၊ တရားမဝင် ကျွန်းသစ် ၀ ဒသမ ၆၇၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၇၃၇၆၀၀)ကို သစ်တောဥပဒေအရလည်း ကောင်း၊ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံထုတ် စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၉၀၀၀၀၀၀)ကို ပိုကုန်သွင်းကုန် ဥပဒေအရလည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၃၇၁၅၆၇၆၀၀) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ ပဲခူးတိုင်းဒေသကြီး၊ ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးစခန်း၌ ရန်ကုန်မြို့မှ မော်လမြိုင်မြို့သို့ သွားရောက်မည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၁၃၁၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၁၃၁၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၎င်းအပြင် နေပြည်တော်၊ လယ်ဝေးခရိုင်နှင့် ဥတ္တရခရိုင်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် ၃ ဒသမ ၀၅၇ တန်၊ သစ်မာ ၀ ဒသမ ၁၃၃ တန် စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၀၄၂၉၅ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် မန္တလေးတိုင်းဒေသကြီး၊ သြဂုတ် ၅ ရက်တွင် ရတနာပုံတံတား(မန္တလေး)စစ်ဆေးရေးဂိတ်၌ မန္တလေးမြို့ မှ ရွှေဘိုမြို့သို့သွားရောက်မည့် မော်တော်ယာဉ်တစ်စီးနှင့် မန္တလေးမြို့မှ စစ်ကိုင်းမြို့သို့သွားရောက်မည့် မော်တော်ယာဉ်တစ်စီးတိုပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၁၉ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၄၀၅၆၄၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hyundai Porter II Pick Up တစ်စီး၊ Mitsubishi Canter Light Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃၀၀၀၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ သြဂုတ် ၆ ရက်တွင် ပုသိမ်ကြီးမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်နှင့် ကျောက်ဆည်မြို့နယ်တို့၌ တရားမဝင်ကျွန်းသစ် ၇၃ ဒသမ ၀၇၄ တန်၊ သစ်မာ ၄ ဒသမ ၉၅၀ တန်၊ အခြားသစ် ၈၅ ဒသမ ၂၅၉ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၄၉၀၀၇၃၇)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် ထော်လာဂျီယာဉ်လေးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၀၀၀၀၀၀)ကို သစ်တောဥပဒေအရလည်းကောင်း၊ ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၂၄ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၆၆၉၃၀၀)ကို အမျိုးသားဆေးဝါးဥပဒေ အရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၆၉၇၅၆၇၇ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းအပြင် သြဂုတ် ၅ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဖမ်းဆီးရမိမှု စာရင်းများအရ လိုင်စင်မဲ့မော်တော်ယာဉ်ကိုးစီးနှင့် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် အစီး ၂၀ ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာလုပ်ထုံးလုပ်နည်း၊ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ် သြဂုတ် ၄ ရက်၊ ၅ ရက်နှင့် ၆ ရက်နေ့တိုတွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၄၃ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၆၄၀၂၈၅၇၂)ကို ဖမ်းဆီးရမိခဲ့သည်။ ထိုကဲ့သို တရားမဝင်တင်သွင်းလာမှုများကြောင့် တရားဝင်တင်သွင်းသည့် ကုန်သည်လုပ်ငန်းရှင်များအတွက် စျေးကွက်ယှဉ်ပြိုင်နိုင်မှုစွမ်းအား ကျဆင်းခြင်းနှင့် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်နိုင်စေပြီး နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာဆုံးရှုးနစ်နာခြင်းများ ဖြစ်ပေါ်စေနိုင်သည်။ သို့ဖြစ်ပါ၍ တရားမဝင် ကုန်စည်တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက် ပိုမိုတားဆီးစစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

#PAN