(ပြည်တွင်း) ဇူလိုင် ၂၂

တစ်နှစ်နီးပါး ပိတ်ထားခဲ့ရသည့် စာသင်ကျောင်းများကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်ပြီးတဲ့အခါ ကျောင်းသား များကို စာသင်ကျောင်းများသို့ ပညာသင်ကြားနိုင်ရေးအတွက် စေလွှတ်ပေးရန် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း က နောင်ချိုမြို့ရှိ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံစဉ်မှာ မေတ္တာရပ်ခံတိုက်တွန်း ပြောကြား ခဲ့ပါတယ်။
ဒေသခံပြည်သူများနှင့်တွေ့ဆုံစဉ်မှာ နစကဒုတိယဥက္ကဋ္ဌက ပထမဆုံးမှာကြားချက်အနေနဲ့ ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည့်အတွက် အတန်းပညာတတ်မြောက်မှသာ အတတ်ပညာကို သင်ယူတတ်မြောက်နိုင်မည် ဖြစ်သည့်အတွက် ပညာတတ်များပေါများစေရေး၊ တစ်နှစ်နီးပါး ပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်ပြီး အေးချမ်းပျော်ရွှင်စွာ ကျောင်းသား၊ကျောင်းသူများ ပညာသင်ကြားနိုင်ရေး လမ်းညွှန် မှာကြားခဲ့ပါတယ်။
ဆက်လက်ပြီး နစကဒုတိယဥက္ကဋ္ဌက ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းများ အမြန်ဆုံးဖွင့်လှစ်နိုင်ရေး နှင့် ဇူလိုင်လ ၂၂ ရက်မှစ၍ ကျောင်းအပ်နှံနိုင်မှုစတင်လက်ခံရန် စီစဉ်ထားတာကြောင့် မိဘပြည်သူများအနေဖြင့် အနာဂတ်နိုင်ငံတော်ကို ဦးဆောင်နိုင်သည့် မျိုးဆက်သစ်ရင်သွေးငယ်များကို စာသင်ကျောင်းများသို့ မဖြစ်မနေ ပညာသင်ကြားနိုင်ရန် စေလွှတ်ပေးစေလိုကြောင်း၊ ပညာသင်ကြားပေးကြရမည့် ဆရာ၊ဆရာမများကလည်း ကျောင်းဖွင့်ချိန် နောက်ကျခဲ့သည့်အတွက် ကျောင်းသင်ခန်းစာများကို ကျောင်းပိတ်ရက်အချို့မှရယူ၍ သင်ခန်းစာ အကုန်သင်ကြားပေး စေလိုကြောင်းနှင့် တတ်မြောက်အောင်လည်း သင်ကြားပေးရန်တိုက်တွန်းပြောကြားခဲ့ပါတယ်။
Telegram»…
https://t.me/positiveanglenews