(ပြည်တွင်း) ဇွန်လ ၂၇

ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော NLD အစိုးရလက်ထက် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဟောင်းသည် နှလုံးအမောဖောက်ကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယနေ့နံနက် ၇ နာရီအချိန်က မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်ရှိ မန္တလေးဗဟိုအကျဉ်းထောင်၌ ထောင်ဒဏ် ၇ နှစ် ကျခံလျက်ရှိသော အကျဉ်းသား အောင်ကျော်ဦး၊ ၇၂ နှစ်၊ (ဘ)ဦးတင်မောင်၊ (မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဟောင်း)၊ ၈၉ လမ်း ၊ ၃၅×၃၆ လမ်းကြား၊ မဟာအောင် မြေမြို့နယ်နေသူသည် နှလုံးခုန်မမှန်ခြင်းခံစားနေရသဖြင့် အကျဉ်းထောင်ဆေးရုံသို့ ပြသရာခဲ့ရာ ဆေးရုံအုပ် ဆရာဝန်ကြီးမှ အကျဉ်းသားသည် နှလုံးခုန်မမှန်ခြင်း/နှလုံးသွေးကြောပိတ်ရောဂါခံစားနေကြောင်း စစ်ဆေးတွေ့ရှိရ၍ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ ဆောင်ကုသရန် မှတ်ချက်ပြုခဲ့ကြောင်း သိရသည်။
အဆိုပါ အကျဥ်းသားအာ လုံခြုံရေးတာဝန်ရှိသူများ လိုက်ပါလျက် အကျဥ်းဦးစီးဌာနပိုင် မော်တော်ယာဥ်အဖြူရောင် လူနာတင်ယာဥ်ဖြင့် ပို့ဆောင်ခဲ့ရာ နံနက် ၇ နာရီ ၂၀ မိနစ် အချိန်ခန့်တွင် ချမ်းအေးသာစံမြို့နယ်၊ ဟေမာဇလရပ်ကွက်၊ ၂၉×၃၀ လမ်းကြား၊ ၇၄×၇၇ လမ်းကြားရှိ မန္တလေးမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေး ရုံကြီးသို့ ရောက်ရှိခဲ့ပြီး ဆေးရုံကြီးပြင်ပလူနာနှင့် အရေးပေါ်ကုသရေးဌာနတွင် ဆေးကုသမှုခံယူနေစဉ် နံနက် ၇ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews