(နိုင်ငံတကာ) ဇွန် ၂၇

ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့ ဘုရင်အပေါ် စော်ကားပြောဆိုမှုတွေကို ပြန်ဖွင့်ချပစ်မယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း၊ လက်ရှိလွှတ်တော်ဥက္ကဌဖြစ်သူ ဟွန်ဆန်က သတိပေးခြိမ်းခြောက်လိုက်ပါတယ်။
နယ်စပ်အရေးကိစ္စ တင်းမာမှုတွေဖြစ်နေချိန်အတွင်း သက်ဆင်ရဲ့ သမီး၊ ထိုင်းဝန်ကြီးချုပ် ပေတန်ထောင်နဲ့ ပြသနာတွေဖြစ်ပွားနေချိန် သက်ဆင်မိသားစုက သူ့ကို သစ္စာဖောက်ခဲ့လို့ ဟွန်ဆန်က ဆိုပါတယ်။
“သူများကို သစ္စာဖောက်ဖို့ထက် ကျနော့်ကို သစ္စာဖောက်တာကိုပဲ အရင်ခံချင်ပါတယ်၊ သက်ဆင်မိသားစုက သူတို့နိုင်ငံကို သစ္စာဖောက်ခဲ့တာတွေကို ဖော်ထုတ်ရမယ်လို့လည်း ခံစားရတယ်၊ သက်ဆင်အနေနဲ့ သူ့သမီးကို သင်ကြားပေးသင့်သလို သူတို့ကလည်း ဖခင်ဖြစ်သူကိုရော၊ တခြားသူတွေအပေါ်ကိုပါ နားလည်သင့်တယ်” လို့ ဟွန်ဆန်က ပြောခဲ့ပါတယ်။
Telegram»…
https://t.me/positiveanglenews