(ပြည်တွင်း) ဇွန်လ ၂၁

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ မီးသွေးဘုတ်ကျေးရွာအုပ်စု၊ ရဲရွာသစ်ကျေးရွာ၊ နွား/ဝက်မွေးမြူရေး လုပ်ကိုင်သူအမျိုးသားတစ်ဦးအား အကြမ်းဖက် PDF အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားကြောင်း သိရသည်။
ဇွန် ၁၉ ရက်နေ့ ည ၉ နာရီအချိန်ခန့်က ရဲရွာသစ်ကျေးရွာနေ ဦးရွှေသိန်း၊ ၄၃ နှစ်၊ (ဘ)ဦးသာပွား၊ နွား/ဝက်မွေးမြူရေး လုပ်ကိုင်သူသည် နေအိမ်ဘေးရှိ စပါးကျီထဲသို့ နွားစာထည့်နေစဉ် အကြမ်းဖက်အဖွဲ့အမျိုးသား ၅ ဦးတို့သည် mask များတပ်၍ ဆိုင်ကယ် ၂ စီးဖြင့်ဝင်ရောက်လာပြီး ဦးရွှေသိန်းအား သေနတ်အတိုဖြင့် လာရောက်ပစ်ခတ် ခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက်အဖွဲ့ ပစ်ခတ်မှုကြောင့် ဦးရွှေသိန်းတွင် ၀ဲ-မျက်ခုံးထိပ် နဖူးဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာ- လက်ကောက်ဝတ်အထက် ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ယာ-နံစောင်း ရှပ်မှန်ပေါက်ပြဲဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)ရရှိခဲ့ကြောင်း၊ ထိမှန်ဒဏ်ရာရရှိသူ ဦးရွှေသိန်းအား စဥ့်ကိုင်ပြည်သူ့ဆေးရုံမှတဆင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသထားကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews