(မှုခင်း) ဇွန် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊မရမ်းကုန်းမြို့နယ်၊အမှတ်(၁)ရပ်ကွက်အတွင်းရှိ စာသင်ကျောင်းများအနီးတွင် တို့ဆေးဖြင့်တို့ကာ ပိုက်ဆံနှင့်ပစ္စည်းများ လုယက်နေသူတစ်ဦး ဖမ်းဆီးရမိကြောင်း သိရသည်။

ယနေ့ မွန်းလွဲ ၂နာရီခွဲအချိန်ခန့်က အမှတ်(၁)ရပ်ကွက်အတွင်းရှိ စာသင်ကျောင်းများအနီးတွင် တို့ဆေးဖြင့်တို့ကာ ပိုက်ဆံနှင့်ပစ္စည်းများ လုယက်နေကြောင်း သတင်းအရ ရပ်ကွက်နယ်ထိန်းအဖွဲ့နှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များမှ အမက(၁၃)မူလွန်ကျောင်းအနီး ကင်းပုန်းဝပ်စောင့်ဆိုင်းနေစဉ် ဉီးမြင့်သိန်း၊(၅၆)နှစ်၊(ဘ)ဉီးစိန်ထွန်း၊N/OKA-091804၊ ဖုန်းအရောင်းအဝယ်၊အိမ်အမှတ်(၁၄)၊(င)ရပ်ကွက်၊မြောက်ဉက္ကလာပမြို့နယ်နေသူသည် စာသင်ကျောင်းအနီး ကျောင်းသားတစ်ဉီးအား တို့ဆေးနှင့်တို့ရန် စကားပြောနေစဉ် ဝင်ရောက်ဖမ်းဆီးနိုင်ခဲ့သည်။
အဆိုပါ ဖမ်းမိတရားခံအား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ခေါ်ဆောင်ကာ လိုအပ်သည်များစစ်ဆေးခဲ့ပြီး မွန်းလွဲ၃နာရီ နာရီအချိန်တွင် ဘုရင့်နောင်နယ်မြေရဲစခန်းသို့ လွဲပြောင်းပေးခဲ့ကြောင်း သိရသည်။
#PAN