KNLA အဖွဲ့နှင့် PDF အကြမ်းဖက်သမားများက ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ ကော့ဘော် ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် အကြောင်းမဲ့လာရောက်ပစ်ခတ်


(မှုခင်း) ဇွန်လ ၁၄

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ ကော့ဘော်ကျေးရွာ အတွင်းသို့ KNLA နှင့် PDF အကြမ်းဖက်သမားများက လက်နက်ကြီးဖြင့် အကြောင်းမဲ့လာရောက် ပစ်ခတ်ခဲ့မှုကြောင့် အသက် ၄ နှစ်နှင့် ၉ နှစ်အရွယ် ကလေးငယ် ၂ ဦးအပါအဝင် ၆ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၁၂ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် KNLA နှင့် PDF အကြမ်းဖက်သမားများက ကော့ဘော်ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၇၀၀ ခန့်အကွာမှ လက်နက်ကြီးဖြင့် အကြောင်းမဲ့လာရောက်ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သဖြင့် အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ၃ ဦးသေဆုံးခဲ့ရပြီး အသက် ၉ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၃ ဦးလက်နက်ကြီးစထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ အဆိုပါထိခိုက်ဒဏ်ရာရရှိသူ ၃ ဦးအား ဘားအံမြို့ ပြည်သူ့ဆေးရုံသို့ တာဝန်ရှိသူများက ပို့ဆောင်စဉ်ရရှိသောဒဏ်ရာများဖြင့် ထပ်မံသေဆုံး သွားခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအား ထောက်ခံအားပေးမှုမရှိသည့်မြို့/ရွာ/ရပ်ကွက်များအတွင်းသို့ယခုကဲ့သို့ အကြောင်းမဲ့ပစ်ခတ် တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ပြည်သူများ မကြာခဏသေဆုံးမှုများ ဖြစ်ပေါ်လျက်ရှိပြီး ပြည်သူများအနေဖြင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအပေါ် ဆန့်ကျင်ရှုတ်ချ လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN