(နိုင်ငံတကာ) ဇွန်လ ၁၄

အီရန်နိုင်ငံရှိ နျူကလီးယားစက်ရုံများအား အစ္စရေးကတိုက်ခိုက်နေခြင်းကို ရပ်တန့်ရန် နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီက ဇွန်လ ၁၃ ရက်တွင် တောင်းဆိုခဲ့သည်။
သဘာဝပတ်ဝန်းကျင်နှင့် သက်ဆိုင်ရာနိုင်ငံမှ နိုင်ငံသားများအား ထိခိုက်စေသည့်အတွက် နျူကလီးယား စက်ရုံများအား တိုက်ခိုက်ခြင်းမပြုသင့်ကြောင်း နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီအကြီးအကဲ ရာဖယ် ဂရော်ဆီ က ပြောကြားသည်။
နျူကလီးယားဆိုင်ရာ အခြေခံအဆောက်အအုံများကို တိုက်ခိုက်ခြင်းဖြင့် နျူကလီးယားစွမ်းအင် ထုတ်လုပ်ရေးတွင် အခက်အခဲများဖြစ်စေပြီး ဒေသတွင်းနှင့် နိုင်ငံတကာ လုံခြုံရေးကို ထိခိုက်စေခဲ့ကြောင်း ၎င်းကပြောကြားသည်။
လက်ရှိအချိန်တွင် နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီသည် အီရန်နိုင်ငံမှ တာဝန်ရှိသူများကို ဆက်သွယ်၍ နိုင်ငံအတွင်းရှိ နျူကလီးယား အခြေခံအဆောက်အအုံများ ယခုတိုက်ခိုက်မှုကြောင့် မည်မျှထိခိုက် သည်ကို လေ့လာနေကြောင်း သိရသည်။
ယခုပဋိပက္ခတွင် ပါဝင်ပတ်သက်သည့် နိုင်ငံများအနေဖြင့် စစ်ရေးအရ တိုက်ခိုက်ခြင်းကို ရှောင်ရှားပြီး သံတမန်နည်းလမ်းအရ ဆောင်ရွက်ခြင်းဖြင့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို တည်တံ့ စေရန် ဆောင်ရွက်သင့်ကြောင်း ၎င်းက ပြောကြားသည်။
Telegram»…
https://t.me/positiveanglenews