သံလိုက်နဲ့ မြေရှားသတ္ထုတွေ ထောက်ပံ့ပေးဖို့ သဘောတူ


(နိုင်ငံတကာ) ဇွန်လ ၁၂

အမေရိကန်နဲ့ တရုတ်ကြား တင်းမာမှုတွေကို ပြန်လည်အဆင်ပြေစေဖို့ ရည်ရွယ်တဲ့ ဆွေးနွေးပွဲဟာ သဘောတူညီချက်တစ်ခုနဲ့အတူ ပြီးဆုံးသွားပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုထား ပါတယ်။

တရုတ်ဟာ အမေရိကန်အတွက် သံလိုက်နဲ့ မြေရှားသတ္ထုတွေ ထောက်ပံ့ပေးဖို့ သဘောတူခဲ့ပြီး အပြန်အလှန်အားဖြင့် အမေရိကန်ကလည်း တရုတ်ကျောင်းသားတွေကို ဗီဇာကန့်သတ်ထားတာကို ပြန်ရုတ်သိမ်းပေးမယ်လို့ ထရမ့်က ဆိုထားပါတယ်။

“တရုတ်နဲ့ ကျနော်တို့ သဘောတူညီမှုရပါပြီ၊ ရှီနဲ့ ကျနော့်ရဲ့ နောက်ဆုံးခွင့်ပြုချက်ကို ရမှာပါ”လို့ ထရမ့်က သူ့ရဲ့ Truth ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။

Telegram>>…https://t.me/positiveanglenews

PAN