(မှုခင်း) ဇွန်လ ၉

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ဗောဓိကုန်းကျေးရွာအုပ်စု၊ ဗောဓိကုန်းကျေးရွာ ရွာခွဲတာဝန်ခံအား အကြမ်းဖက် PDF နှစ်ဦးမှ သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။
ယမန်နေ့ ည ၈ နာရီ ၅၅ မိနစ်အချိန်ခန့်က ဗောဓိကုန်းကျေးရွာနေ အုပ်ချုပ်ရေး ရွာခွဲတာဝန်ခံ ဦးဌေးလှိုင်သိန်း၊ ၅၀ နှစ်၊ (ဘ)ဦးဖြူလွင်သည် ၎င်း၏နေအိမ် ၌ရှိနေစဥ် ဆိုင်ကယ်တစ်စီးဖြင့် အမည်မသိ အကြမ်းဖက်သမား ၂ ဦးရောက်ရှိလာပြီး လူကြီးရှိလားဟု မေးမြန်းကာ သေနတ်အတိုဖြင့် ၃ ချက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် PDF နှစ်ဦး၏ ပစ်ခတ်မှုကြောင့် ဦးဌေးလှိုင်သိန်း တွင် ဆီးခုံဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲ-ပေါင်ရင်း ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲ-တင်ပါး ဖောက်ထွက်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)တို့ရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ ဦးဌေးလှိုင်သိန်းအား ရန်အောင်တိုက်နယ်ဆေးရုံသို့ ပို့ ဆောင်ထားရှိပြီး၊ မိတ္ထီလာဆေးရုံသို့ တင်ပို့ကုသနိူင်ရေး စီစဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Telegram>>…https://t.me/positiveanglenews