“၂၀၂၅ ခုနှစ် တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး ခန့်မှန်းချက်ကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲအစည်းလျှော့ချ”

(နိုင်ငံတကာ) ဧပြီ ၁၈

အမေရိကန်၏အခွန်စည်းကြပ်မှုသည် ကမ္ဘာ့စီးပွားရေးအတွက် ပြင်းထန်သောအကျိုးသက်ရောက်မှုများ ဖြစ်စေမည့် အကျပ်အတည်းကို ဖြစ်ပေါ်စေသည်ဟု ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က ပြောကြားခဲ့သည်။

ယခုနှစ်အတွက် တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုပမာဏ ကျဆင်းမည်ဟု ခန့်မှန်းထားသည်။

ကုန်သွယ်မှု ဆိုင်ရာ စိုးရိမ်ပူပန်မှုများသည် ဘဏ္ဍာရေးဈေးကွက်တွင် အနုတ်လက္ခဏာများကိုသာ ယူဆောင်လာနိုင်သည်ဟု ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး၏ ညွှန်ကြားရေးမှူးချုပ် အင်ဂိုဗီအိုကွန်ဂျိုအီဝဲလာ က ဧပြီလ ၁၆ ရက်တွင် ပြောသည်။

ဆင်းရဲသည့်နိုင်ငံများအပေါ်တွင် သက်ရောက်လာနိုင်မှုအပေါ် စိုးရိမ်မိကြောင်းနှင့် လက်ရှိအခွန်စည်းကြပ်မှု အပေါ်မူတည်၍ ကမ္ဘာ့ကုန်သွယ်ရေးသည် ၂၀၂၅ ခုနှစ်တွင် ၀ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းမည်ဟု ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က ခန့်မှန်းထားသည်။

အကယ်၍ အမေရိကန်ကသာ အပြန်အလှန်အခွန်စည်းကြပ်မှုကို ဆက်လက်လုပ်ဆောင်ခဲ့ပါက ကုန်သွယ်မှုသည် နောက်ထပ် ၁ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းသွားမည်ဟု သတိပေး ထားသည်။

https://t.me/positiveanglenews

#PAN