၂၀၂၈ လော့စ်အိန်ဂျလိစ်အိုလံပစ်ပြိုင်ပွဲ၌ လက်ဝှေ့အားကစားနည်း ဆက်လက်ပါဝင်မည်


(အားကစား) ဧပြီ ၁၅

ဂရိနိုင်ငံ၌ ကျင်းပသည့် (၁၄၄) ကြိမ်မြောက် နိုင်ငံတကာအိုလံပစ်ကော်မတီ (IOC) အစည်းအဝေးတွင် လက်ဝှေ့အားကစားနည်းကို ၂၀၂၈ လော့စ်အိန်ဂျလိစ်အိုလံပစ် ပြိုင်ပွဲ၌ ဆက်လက်ထည့်သွင်းကျင်းပရန် မဲပေး ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။

လက်ဝှေ့အားကစားနည်းကို ၁၉၀၄ ပြိုင်ပွဲမှစ၍ ၂၀၂၄ ပြိုင်ပွဲအထိ (၁၉၁၂ ပြိုင်ပွဲမှအပ)ထည့်သွင်းကျင်းပခဲ့ပါတယ်။

ဒါပေမယ့် အုပ်ချုပ်မှု၊ ဘဏ္ဍာရေး၊ ဒိုင်လူကြီးများနှင့် ကျင့်ဝတ်ပိုင်း ဆိုင်ရာ ပြဿနာများကြောင့် ရုရှားဦးဆောင်သည့် နိုင်ငံတကာလက်ဝှေ့အဖွဲ့ချုပ် (IBA)ကို ၂၀၁၉ ခုနှစ်တွင် ယာယီ ရပ်ဆိုင်းခဲ့ပြီး ၂၀၂၃ ခုနှစ် ဇွန်လတွင် ဖျက်သိမ်းခဲ့ပါတယ်။

နိုင်ငံတကာအိုလံပစ်ကော်မတီ (IOC) ကို ၎င်း၏နေရာ၌ ၂၀၂၃ ခုနှစ် ဧပြီတွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့သည့် ကမ္ဘာ့လက်ဝှေ့အဖွဲ့ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း အသိအမှတ်ပြုခဲ့ပြီး လက်ရှိအချိန်တွင် တိုက်ကြီး ငါးခုမှ အဖွဲ့ဝင်နိုင်ငံ ၈၄ ခု အထိ ပါဝင်ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN