ဒေသခံပြည်သူတွေမနေတဲ့ ပေါက်က ရွာ ၂ ရွာမှာ PDF များဝင်ရောက်နေထိုင်နေဟုဆို


(ပြည်တွင်း) မတ်လ ၂၄

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်က တောင်ဘက်ကျေးရွာနဲ့ ဇီးတောကျေးရွာတွေက ဒေသခံတွေဟာ PDF အကြမ်းဖက်တွေကြောင့် ကျေးရွာကနေ ထွက်ပြေးတိမ်းရှောင်နေကြတာဟာ ကာလတစ်ခုအထိကြာမြင့်နေပြီဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

PDF အကြမ်းဖက်တွေဟာ ကျေးရွာငယ်တွေက ဒေသခံပြည်သူတွေစုပေါင်းနေထိုင်နေတဲ့ ပေါက်မြို့နယ် တပ်ကုန်းကျေးရွာကို တိုက်ခိုက်ဖို့ တပ်ကုန်းနဲ့ တစ်မိုင်ကျော်သာကွာဝေးတဲ့ အဲ့ဒီကျေးရွာတွေမှာ ဖြန့်ခွဲနေထိုင်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။

တောင်ဘက်ရွာနဲ့ဇီးတောရွာတွေမှာ လူနဲ့လက်နက် ဖြည့်ဆီးနေပြီး ဒေသခံတွေမနေတော့တဲ့ နေအိမ်တွေမှာ ဖြန့်ခွဲနေထိုင်နေတဲ့ PDf အကြမ်းဖက်တွေဟာ ဗုံးခိုကျင်းတွေတူးထားတယ်လို့လည်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
နေ့ခင်းထမင်းစားချိန်ဖြစ်တဲ့၁၁နာရီနဲ့၁၂နာရီ ညထမင်းစားချိန်ညနေ၅နာရီခွဲကနေ ည ၇နာရီအချိန်မှာ ဇီးတောရွာစာသင်ကျောင်းနဲ့ တောင်ဘက်ရွာဘုန်းကြီးကျောင်းမှာ လူစုစားကြတယ်” လို့အမည်မဖော်လိုတဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

တောင်ဘက်ကျေးရွာနဲ့ ဇီးတောကျေးရွာဟာ ၅ ဖာလုံခန့်သာကွာဝေးပြီး အဲ့ဒီရွာတွေမှာ ဘုန်းတော်ကြီးတွေမရှိကြတော့သလို အရပ်သားပြည်သူတွေလည်း မရှိကြတော့တာကြောင့် ဗုံးကြဲရှင်းလင်းပေးဖို့ ဒေသခံတွေလိုလားနေကြတာဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN