နှစ်(၈၀)ပြည့် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် YMBA အသင်းမှ ကြီးမှုး၍ စုပေါင်းသွေးလှုုဒါန်းပွဲ အခမ်းအနားပြုလုပ်


(ပြည်တွင်း) မတ်လ ၂၄

မန္တလေးတိုင်းဒေသကြီး ၊ ချမ်းအေးသာစံမြို့နယ်၊ ဟေမာဇလရပ်ကွက်၊ ၂၉×၃၀ လမ်းကြား၊ ၇၇ လမ်းရှိ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး သွေးလှုဘဏ်တွင် နှစ် (၈၀)ပြည့် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် YMBA အသင်းမှ ကြီးမှုး၍ စုပေါင်းသွေးလှုုဒါန်းပွဲ အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်အချိန်ထိကျင်းပခဲ့သည့် စုပေါင်းသွေးလှူပွဲသို့ တိုင်းဒေသကြီး YMBA အသင်းဥက္ကဋ္ဌ ဦးကြည်စိန်နှင့်အဖွဲ့ဝင်များ သွေးလှုရှင်များ၊ သွေးလှု ဘဏ်တာဝန်ခံ ရောဂါဗေဒဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာနီလာဝင်း၊ အထူးကုဆရာဝန် ဒေါက်တာစုလှိုင်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ စုစုပေါင်းအင်အား ၁၀၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ စု​ပေါင်းသွေးလှုဒါန်းပွဲတွင် သွေးလှုရှင် ၇၃ ဦးမှ သွေးများလှုဒါန်းခဲ့ရာ ကျန်းမာရေးဝန်ထမ်းများမှ လိုအပ်သောကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်၍ သွေးဖောက်လက်ခံရယူခဲ့ပြီး သွေးလှုရှင်များကို အားဆေး၊ အာဟာရဖြည့်စွက်စာနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN