(မှုခင်း) မတ် ၂၃
မန္တလေးတိုင်းဒေသကြီး ၊ ငါန်းဇွန်မြို့နယ်၊ သံကုန်းကျေးရွာမှ အရပ်သားပြည်သူတစ်ဦးအား အကြမ်းဖက်PDFအဖွဲ့မှ ဒလန်ဟု စွတ်စွဲကာ ဓားဖြင့် ခုတ်သတ်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ မွန်းလွဲ၄နာရီအချိန်ခန့်က သံကုန်းကျေးရွာနေ ဦးညွန့်လှ၊၆၆နှစ်၊(ဘ)ဦးကြည်တင်သည် ကျေးရွာအတွင်း လမ်းလျှောက်နေစဉ် အကြမ်းဖက် PDF များရောက်ရှိလာပြီး ဓားဖြင့် ခုတ်သတ်ခဲ့ရာ ဦးညွန့်လှမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သည်။
သေဆုံးသူ ဦးညွန့်လှသည် ငါန်းဇွန်မြို့ ဌာနေပြည်သူ့စစ်အဖွဲ့ဝင် ကိုမင်းသန့်ကျော်၏ အဘိုးတော်စပ်သူဖြစ်ပြီး ဒလံဟူသောခေါင်းစဉ်ဖြင့် သတ် ဖြတ်သွားခြင်းဖြစ်ကြောင်း သိရသည်။
#PAN