(နိုင်ငံတကာ) မတ် ၁၄
ရုရှားနိုင်ငံအနောက်ပိုင်း ခါ့ချ်နယ်မြေသို့ ရုရှားသမ္မတ ပူတင် သွားရောက်ခဲ့ကြောင်း ရုရှားနိုင်ငံပိုင် မီဒီယာများက မတ်လ ၁၂ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ရုရှားသမ္မတ ပူတင် သည် ခါ့ချ်နယ်မြေ ဒေသအချို့ကို ယူကရိန်းတပ်များက သိမ်းပိုက်ခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ခါ့ချ်နယ်မြေသို့ သွားရောက် ခဲ့ခြင်းဖြစ်သည်။
မတ်လ ၁၂ ရက်တွင် သမ္မတ ပူတင် သည် ခါ့ချ်နယ်မြေရှိ ရုရှားစစ်ဘက် ကွပ်ကဲရေးဌာနတစ်ခုသို့ သွားရောက်ခဲ့ပြီး ရုရှားစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျီရာဆီမော့ဗ် အပါအဝင် ရုရှားထိပ်တန်းစစ်ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြောင်း ရုရှားနိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့သည်။
ခါ့ချ်နယ်မြေအတွင်းရှိ လက်ကျန်ယူကရိန်းတပ်များကို အချိန်တိုအတွင်းရှင်းလင်းရန် သမ္မတ ပူတင် က ဗိုလ်ချုပ်ကြီး ဂျီရာဆီမော့ဗ် ကိုညွှန်ကြားခဲ့ကြောင်း ရုရှားမီဒီယာများ၏ အဆိုအရသိရသည်။
ထို့ပြင် ခါ့ချ်နယ်မြေ အတွင်း လက်ရဖမ်းဆီးနိုင်ခဲ့သော ယူကရိန်းတပ်ဖွဲ့ဝင်များကို စစ်သုံ့ပန်းများအဖြစ်ထက် အကြမ်းဖက်သမားများ အဖြစ်သာ ဆက်ဆံသင့်ကြောင်း သမ္မတ ပူတင် က ခါ့ချ်နယ်မြေခရီးစဉ်အတွင်း ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် ရုရှားတပ်များသည် ခါ့ချ်နယ်မြေအတွင်းရှိ ယူကရိန်းတပ်များကို ဖြတ်တောက်ပိတ်ဆို့ ထားကြောင်း သိရသည်။
#PAN #ရုရှား #ခါ့ချ်နယ်မြေ