(မှုခင်း) မတ် ၁၄
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပျဥ်းမြို့ မိုင်းပုအွန်အုပ်စု ဝမ်ပျက်ကျေးရွာတွင် မတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုမှာ လေဖြတ်နေသောလူနာ ဆေးလိပ်သောက်ရာမှ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုကြောင့် ဦးကွမ်းဆိုင်(ခ)အိုက်စေ(ဘ)ဦးဖျာအင်း၊ရှမ်း/ဗုဒ္ဓအိမ် ၂၀×၃၀ပေ သွပ်မိုး ပျဥ်ကာပျဥ်ခင်းအုတ်ညှပ် နှစ်ထပ်အိမ်ကိုမီးလောင်ခဲ့ပြီး ဆုံးရှုံးမှုတန်ဘိုးငွေ(၁၂)သိန်းခန့်နှင့်လူ(၁)ဦး သေဆုံးပါကြောင်း သိရသည်။

မီးလောင်မှုအား သံန္ဓေမီးသတ်(၂)ဦး အရန်မီးသတ်(၁၀)ဦး မီးသတ်ယာဥ်(၁)စီး ရေသယ်ယာဥ်(၁)စီးရေဂါလံ(၁၈၀၀)ဂါလံအသုံးပြုပြီး ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်တွင် မီးကိုငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
#PAN #မိုင်းပျဥ်း #မီးလောင်မှု #သေဆုံး