(မှုခင်း) မတ် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ၊ကနီမြို့နယ်၊ မုံရွာ – ယာကြီး-ကလေးလမ်းပေါ်မှာ စိတ်ကြွဆေးပြားသယ်ဆောင်လာသူတစ်ဦးကို မတ်လ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန့်က PDF အကြမ်းဖက်အဖွဲ့ စစ်ဆေးဂိတ်မှာ ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေကပြောပါတယ်။

မူးယစ်ဆေးသယ်ဆောင်လာသူဟာ ရှမ်းပြည်နယ်မြောက်ပိုင်းကနေ ကနီမြို့နယ်အတွင်းကို ရောက်ရှိလာတာဖြစ်ပြီး အဲဒီအမျိုးသားဟာ မြန်မာနိုင်ငံသားမှတ်ပုံတင် ၂ ကတ်ကိုလည်းကိုင်ဆောင်ထားသလို ထိုင်နိုင်ငံသားမှတ်ပုံတင်ကိုလည်းကိုင်ဆောင်ထားတယ်လို့ သတင်းအရင်းအမြစ်တွေကပြောပါတယ်။
ဒေသခံတွေရဲ့အဆိုအရ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်ကနေ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ကို သယ်ဆောင်မယ်လို့ ထင်မြင်ရပြီး သူ့ရဲ့နာမည်ကတော့ မောင်သိန်းလှဖြစ်ပြီး အသက်၄၅နှစ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။
မူးယစ်ဆေးသယ်ဆောင်သူဟာ မောင်တောမြို့၊ရသေ့တောင်ကျေးရွာတွင် နေထိုင်သူဖြစ်တယ်လို့လည်းသိရပြီး သူနဲ့အတူ YWစာတန်ပါ ဆေးပြားအထုတ်၂၀ ကိုဖမ်းဆီးရမိတာဖြစ်ကာ မူးယစ်ဆေးဝါတစ်ထုတ်မှာ ဆေးပြားတစ်သောင်းကျော်ပါဝင်တယ်လို့လည်း သတ်အရင်းအမြစ်တွေကပြောပါတယ်။
PDF အကြမ်းဖက်သမားတွေထိန်းချုပ်ထားဆဲဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် ယာကြီးရွာဒေသမှာ ဒေသခံမူးယစ်ဆေးဝါးရောင်းချသူအများအပြားရှိနေသလို PDF ခေါင်းဆောင်ပိုင်းတစ်ချို့လည်း မူးယစ်ဆေးဝါးရောင်းချနေတာတွေရှိနေပေမယ့် ယခုချိန်အထိ ဖမ်းဆီးအရေးယူတာမရှိသေးဘူးလို့လည်း ဒေသခံတွေကပြောပါတယ်။
#PAN #ကနီ #PDF #မူးယစ်ဆေးဝါး