တန့်ဆည်က ဆင်ငယ်ရွာ တိုက်ပွဲမှာ KIA \ PDF ၁၁ ဦးထက်မနည်းသေဆုံး

(ပြည်တွင်း) မတ်လ ၁၃

အကြမ်းဖက်မှုတွေပြုလုပ်ဖို့ စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ် ဆင်ငယ်ကျေးရွာအနီးမှာ ခိုအောင်းနေတဲ့ ကချင်လက်နက်ကိုင် KIA နဲ့ PDF အကြမ်းဖက်အဖွဲ့တွေကို နယ်မြေရှင်းလင်း‌ရေးဆောင်ရွက်နေတဲ့ လုံခြုံရေးပူးပေါင်းအဖွဲ့က ဝင်ရောက်ရှင်းလင်းခဲ့လို့ KIA \ PDF ၁၁ ဦး ထက်မနည်းကို အသေဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

မတ်လ ၁၃ ရက်နေ့ မနက် ၁ နာရီအချိန်ခန့်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း KIA/PDF ၁၁ လောင်းထက်မနည်း ရရှိခဲ့သလို လက်နက်အမြောက်အမြားလည်း သိမ်းဆည်းရမိတယ်လို့လည်း သိရပါတယ်။

သိမ်းဆည်းရမိတဲ့လက်နက်တွေကတော့ M-22 သေနတ် ၇ လက်၊ မောင်းပြန်သေနတ် ၁ လက်၊ M- 22 ကျည် ၅၅၀ တောင့်၊ ၅.၅၆ ကျည် ၃၀၀ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ်ဗုံး ၂ လုံး၊ နင်းမိုင်း ၂ လုံး၊ လက်လုပ်မိုင်း ၄ လုံး၊ကျည်ကာအင်္ကျီ  ၂ ထည်၊ ကျည်ကာဦးထုပ် ၁ လုံးတို့ဖြစ်တယ်လို့ သိရပါတယ်။

#PAN #PDF