(ပြည်တွင်း) မတ် ၈
မကွေးတိုင်းဒေသကြီး ငဖမြို့နယ် ဂုတ်ကြီးကျေးရွာက အရပ်သားတစ်ဦး အကြမ်းဖက်သောင်းကျန်းသူတွေထောင်ထားတဲ့ မြေမြှပ်မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုအနည်းငယ်ဖြစ်ပွားခဲ့တယ်လို့ သိရာတယ်။
ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာက အရပ်သားတစ်ဉီးဟာ သူရဲ့စိုက်ခင်းကို မတ်လ ၆ ရက်နေ့ နေ့လည် ၂ နာရီအချိန်မှာ ဆိုင်ကယ်နဲ့ သွားရောက်စဉ် မြေမြုပ်မိုင်းနင်းမိပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် ဆိုင်ကယ်ပျက်စီးသွားပေမယ့် လူကတော့ ထိခိုက်မှုအနည်းငယ်သာ ရရှိသွားတယ်လို့ သိရပါတယ်။
တပ်မတော်က ပြန်လည်ထိုးစစ်ဆင်မှုကြောင့် နတ်ရေကန်ဘက်ကနေ ဆုတ်ခွာထွက်ပြေးလာတဲ့ အကြမ်းဖက်သောင်းကျန်းသူတွေဟာ ငဖဲမြို့နယ်အစပ်နေရာတွေကို ပြောင်းရွေ့နေတယ်ဆိုတဲ့သတငတွေလည်း ရရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ရခိုင်ပြည်နယ် အမ်းမြို့နယ် အမ်းပဒန်းဘက်ကတောတိုး ဆုတ်ခွာလာတဲ့ ရခိုင်လက်နက်ကိုင်သောငကျန်းသူ AA နဲ့ ငဖဲမြို့နယ်က အရှိုချင်း PDF တွေဟာ စေတုတ္တရာမြို့နယ်၊ ပွင့်ဖြူမြို့နယ်နဲ့ ငဖဲမြို့နယ်အစပ်က ကန်ရွာအကြားမှာ ဝင်ထွက်သွားလာမှုရှိနေတယ်လို့လည်း ဒေသခံတွေဆ်ိက သိရပါတယ်။
