လားရှိုးက အမျိုးသမီးငယ် ၃ ဦးရဲ့ရုပ်အလောင်းတွေကို TNLA က သီပေါနယ်စပ်မှာ လာရောက်စွန့်ပစ်

(မှုခင်း) ဖေဖော်ဝါရီ ၄

ကိုးကန့်အကြမ်းဖက်သောင်းကျန်းသူ MNDAA တွေ အဓမ္မနယ်မြေကျူးကျော် ဝင်ရောက်ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့က အမျိုးသမီးငယ် ၃ ယောက်ရဲ့ ရုပ်အလောင်းတွေကို ကိုးကန့်လက်နက်ကိုင်သောင်းကျန်းသူတွေက သီပေါလာရှို့နယ်စပ် သီပေါမြို့နယ် နားမခေါ်ကျေးရွာမှာ လာရောက်စွန့်ပစ်သွားတယ်လို့ သိရပါတယ်။

MNDAA တွေလာရောက် စွန့်ပစ်တဲ့ အသက် ၁၂ နှစ်နဲ့ အသက် ၁၈ နှစ်ကြားအရွယ်ဖြစ်တဲ့ အမျိုးသမီး ၃ ဦးရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရိုက်နှက်ညှင်းဆဲခံထားရတွေ နှိပ်စက်ခံထားရဒဏ်ရာတွေနဲ့ သေဆုံးခဲ့ရတာဖြစ်ပြီး အဓမ္မပြုကျင့်ခံထားရတဲ့ အခြေအနေလည်းရှိနေတယ်လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။

သတင်းအရင်းအမြစ်ရဲ့ပြောဆိုချက်အရ သတ်ဖြတ်ခံရတဲ့ အမျိုးသမီးငယ်လေးတွေဟာ KTV ဆိုင်တစ်ဆိုင်မှာအလုပ်လုပ်နေတဲ့ အမျိုးသမီးငယ်လေးတွေဖြစ်နိုင်ပြီး သူတို့ကိုတော့ MNDAA က သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပြီး သူတို့ရဲ့ရုပ်အလောင်းတွေကို ဖေဖော်ဝါရီ ၂၃ ရက်နေ့က လားရှိုးဘက်ကနေ ကားနဲ့ တင်လာပြီး လာရောက်စွန့်ပစ်သွားတာဖြစ်တယ်လို့ လည်း သိရပါတယ်။

သေဆုံးသူအမျိုးသမီးငယ်လေးတွေကို MNDAA က သတ်ဖြတ်ခဲ့တာကို ဒေသခံတွေသိရှိထားပေမယ့် ပြောသံ ဆိုသံတွေထွက်ပေါ်လာရင် သတ်ဖြတ်ခံရမှာကို စိုးရိမ်တာကြောင့် ဒေသခံတွေက ဒါနဲ့ပတ်သက်ပြီး ပြောဆိုမှုတွေမပြုလုပ်ကြသလို အမျိုးသမီးငယ်တွေဟာ ဘယ်သူဘယ်ဝါမှန်း မသိရသေးတဲ့အပြင် သူတို့ရဲ့ နေ့ရပ်လိပ်စာတွေလည်း သိရှိနိုင်တာမရှိသေးဘူးလို့ သိရပါတယ်။  

လားရှိုးကနေ မကြာခင်ဆုတ်ခွာရတော့မယ့် MNDAA ဟာ ဒေသခံတွေကိုဖမ်းဆီးသတ်ဖြတ်တာတွေ ဓားပြတိုက်တာတွေအပြင် အမျိုးသမီးငယ်လေးတွေကို အဓမ္မဖမ်းဆီးပြီး လိင်အကြမ်းဖက်မှုတွေကိုပါ ကျူးလွန်နေကြတာဖြစ်ပါတယ်။

#PAN #MNDAA #လားရှိုး #KTV #အမျိုးသမီးငယ်သတ်ဖြတ်ခံရ