(ပြည်တွင်း) ဖေဖော်ဝါရီ ၂၃

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း က ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့ကို ဖေဖော်ဝါရီလ ၂၂ ရက် ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးအမှတ် (၂၇) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့ ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံတို့အကြား ကဏ္ဍပေါင်းစုံ အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည့် အခြေ အနေများ၊ မြန်မာ နိုင်ငံ၏ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေအားလျှပ်စစ်၊ လေအားလျှပ်စစ်၊ နေရောင်ခြည်စွမ်းအင်နှင့် အပူစွမ်းအင်သုံးစီမံကိန်းများတွင် ရုရှားကုမ္ပဏီများက ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့ အခြေအနေများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပါတယ်။
Telegram»…
https://t.me/positiveanglenews