မကြီးစုရွာတိုက်ပွဲမှ PDF အလောင်းများနှင့်လက်နက်ခဲယမ်းများသိမ်းဆည်းရရှိ

Telegram Join ရန် – http://t.me/positiveanglenews

(ပြည်တွင်း) ဖေဖော်ဝါရီ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး မြိုင်မြို့နယ်တွင် နယ်မြေရှင်းလင်းနေသော လုံခြုံရေးအဖွဲ့များနှင့်အကြမ်းဖက်အဖွဲ့များသည် ဖေဖော်ဝါရီ ၁၉ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်တွင်  မကြီးစုရွာအနီးတွင် ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ကြောင်းသိရသည်။

ယင်းထိတွေ့တိုက်ပွဲတွင် PDF အကြမ်းဖက်အဖွဲ့မှ ရုပ်အလောင်း ၂ လောင်း၊ အမ် – ၂၂ သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခုတို့ကို သိမ်းဆည်းရမိပြီး လုံခြုံရေးတပ်ဖွဲ့များ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လှုပ်ရှားနေသော PDF အကြမ်းဖက်အဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်အမည်ခံ သောင်းကျန်းသူများအား တပ်မတော်မှ မြေပြင်သတင်းရယူကာ Paramotor စက်တပ်လေထီးများအသုံးပြုပြီး ယခုလဆန်းပိုင်းမှစတင်ကာ ဆောင်ရွက်အသုံးပြုလျှက်ရှိရာ အကြမ်းဖက်အဖွဲ့များ ထိခိုက်ကျဆုံးမှုများပြားနေသကဲသို့ ၎င်းတို့၏စခန်းများလည်း ဆုံးရှုံးမှုများရှိနေကြောင်း မြေပြင်သတင်းများအရ သိရသည်။

#PAN #PDF #မြိုင်မြို့နယ်