စီးပွားဖြစ် စက်သုံးဆီနဲ့ဆက်စပ်ပစ္စည်းတွေ ရောင်းဝယ်သယ်ဆောင်တာမလုပ်ဖို့ KNU/KNLA –PC အဖွဲ့အတွင်းတားမြစ်


(ပြည်တွင်း) ဖေဖော်ဝါရီ ၁၄

ထိုင်းနိုင်ငံက ကျားဖြန့်လို့ခေါ်တဲ့ နိုင်ငံတကာဖြတ်ကျော်ရာဇဝတ်မှုနှိမ်နင်းဖို့အတွက် စက်သုံးဆီနဲ့ ဆက်စပ်ပစ္စည်းတွေတင်သွင်းမှုလုပ်ငန်း ပိတ်ပင်တားမြစ်ထားတဲ့ကာလကိုအခွင့်ကောင်းယူပြီး တင်သွင်းရောင်းချတာတွေမလုပ်ဖို့ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီက တပ်ဖွဲ့အတွင်း စာထုတ်တားမြစ်လိုက်ပါတယ်။

လတ်တလောဖြစ်ပေါ်နေတဲ့ မိမိတို့ကရင်ပြည်နယ်နဲ့ထိစပ်နေတဲ့ ထိုင်း – မြန်မာနယ်စပ်တလျှောက်ရှိ ကျားဖြန့်လို့ခေါ်တဲ့ နိုင်ငံတကာဖြတ်ကျော်ရာဇဝတ်မှုနှိမ်နင်းဖို့အတွက် ထိုင်းနိုင်ငံက စက်သုံးဆီ နဲ့ဆပ်စပ်ပစ္စည်းတွေ တင်သွင်းမှုလုပ်ငန်း ပိတ်ပင်တားမြစ်တဲ့ကာလကိုအခွင့်ကောင်းယူပြီး မိမိတို့စစ်ဗျူ ဟာ၊တပ်ရင်းနဲ့ဌာနတွေမှာရှိတဲ့ တပ်ဖွဲ့ဝင်တစ်ချို့ဟာ အောက်ခြေအဖွဲ့အစည် တွေနဲ့ပူးပေါင်းကာ နည်းမျိုးစုံနဲ့ စက်သုံးဆီနဲ့ဆက်စပ်ပစ္စည်းတွေ တရားမဝင်ရောင်းဝယ်သယ်ဆောင်ခြင်းလုပ်ငန်းတွေ လုပ်ဆောင်နေတာကြောင့် နိုင်ငံတကာမျက်နှာစာမှာ အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာထိခိုက်နစ်နာမှုတွေဖြစ်ပေါ်နေတာကို စိစစ်တွေ့ရှိရတယ်လို့ KNU / KNLA –PC ကပြောပါတယ်။

ဒါကြောင့် အဖွဲ့အစည်းရဲ့ဂုဏ်သိက္ခာနဲ့ ရေရှည်အကျိုးစီးပွားကိုရှေ့ရှုပြီး စစ်ဗျူဟာ၊ တပ် ရင်းနှင့်ဌာနဆိုင်ရာအသီးသီးရှိတပ်ဖွဲ့ဝင်တွေအနေနဲ့ မိမိတို့အသုံးပြုနေတဲ့ မော်တော်ယာဉ်အတွက် အမှန်တကယ်လိုအပ်လျှက်ရှိတဲ့ ပမာဏထက်ကျော်လွန်ပြီး ဖော်ပြပါစီးပွားဖြစ် စက်သုံးဆီနဲ့ဆက်စပ် ပစ္စည်းတွေ ရောင်းဝယ်သယ်ဆောင်တဲ့လုပ်ငန်းကို မည်သည့်နည်းနဲ့မှ လုပ်ကိုင်ခြင်းမပြုကြဖို့ ပြေားဆိုထားပြီး တား မြစ်ချက်ကို ဖေါက်ဖျက်ကျူးလွန်တဲ့ မည်သူကိုမဆို ဥပဒေအရအရေးယူအပြစ်ပေးဆောင်ရွက်သွားမှာဖြစ်တယ်လို့ KNU / KNLA –PC က တပ်တွင်းအမိန့်ထုတ်ပြန်ထား တာဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီရဲ့ “တပ်တွင်းအမိန့်”ကို ဒုတိယစစ်ဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီးနော်ကပေါ်ထူးက ဖေဖေါ်ဝါရီလ(၁၃)ရက် ရက်က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN