(နိုင်ငံတကာ) ဖေဖော်ဝါရီ ၁၄

အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီသည် အိမ်ဖြူတော်သို့ သွားရောက်လည်ပတ်ခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့်တွေ့ဆုံခဲ့ကြောင်းသိရသည်။
နှစ်နိုင်ငံခေါင်းဆောင်များ ရေနံနှင့် သဘာဝဓာတ်ငွေ့များ ပိုမိုတင်သွင်းရောင်းချနိုင်ရေး ဆွေးနွေးခဲ့ပြီး ကြီးမားသည့် ပူးပေါင်းဆောင်ရွက်မှုဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုကဆိုသည်။
ထရမ့်သည် အိန္ဒိယအပါအဝင် အမေရိကန်၏ ကုန်သွယ်ဖက်နိုင်ငံများအား သွင်းကုန်အခွန်စည်းကြပ်မှုများ ပိုမိုလုပ်ဆောင်ရန် ပြောဆိုခဲ့ပြီးနောက် မိုဒီ၏ အိန္ဒိယခရီးစဉ်ဖြစ်ပေါ်လာသည်။
အိန္ဒိယသည် အမေရိကန်မှာ ရေနံနှင့် သဘာဝဓာတ်ငွေ့အမြောက်အများ ဝယ်ယူမည်ဖြစ်ကြောင်း ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ထရမ့်က မီဒီယာများသို့ ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံမှ ကုန်သွယ်ရေးအတားအဆီးများ ဖြေလျှော့ရေး အထောက်အထားမဲ့ အိန္ဒိယနိုင်ငံသားများ ပြန်လည်ပို့ဆောင်ရေးနှင့် စစ်လက်နက်ပစ္စည်းများဝယ်ယူရေးတို့ကို ဆွေးနွေးခဲ့ကြောင်းသိရသည်။
Telegram»…
https://t.me/positiveanglenews