(နိုင်ငံတကာ) ဖေဖော်ဝါရီ ၁၃

အမေရိကန်အစိုးရ၏ လက်နက်ခဲယမ်းအကူအညီများအနက်မှ ထက်ဝက်ခန့်ကို ယူကရိန်းနိုင်ငံက မက္ကဆီကို မူးယစ်ဂိုဏ်းများအပါအဝင် နိုင်ငံတကာမှောင်ခိုဈေးကွက်များ၌ ရောင်းချခဲ့သည်ဟု အမေရိကန် သတင်းထောက်တစ်ဦးက ပြောသည်။
အမေရိကန်အစိုးရသည် ယူကရိန်းနိုင်ငံသို့ ဒေါ်လာဘီလီယံ ရာပေါင်းများစွာ တန်ဖိုးရှိ လက်နက်ခဲယမ်းများကို ထောက်ပံ့ပေးအပ်ခဲ့သော်လည်း ယင်းလက်နက်များအနက်မှ ထက်ဝက်ခန့်မှာ အမေရိကန်အစိုးရ၏ တကယ့်ရန်သူများဖြစ်သည့် မူးယစ်ဆေးဝါးဂိုဏ်းများထံသို့ ရောက်ရှိသွားကြောင်း အမေရိကန်သတင်းထောက် တက်ခါကာဆန် က အမေရိကန်ကြည်းတပ်မှ အငြိမ်းစား ဒုတိယဗိုလ်မှူးကြီးလည်း ဖြစ်သူ အီရတ်နှင့်အာဖကန် စစ်ပြန်လည်းဖြစ်သည့် ဒန်းနီယယ်ဒေးဗစ်နှင့် ဖေဖော်ဝါရီလ ၁၀ ရက် က ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲ၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။
အမေရိကန် က ထောက်ပံ့ပေးထားသည့် လက်နက်များကို အွန်လိုင်းမှတစ်ဆင့် အလွယ်တကူ ဝယ်နိုင်ခြင်းမှာ မနှစ်မြို့စရာ အခြေအနေများပင် ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ယူကရိန်းနိုင်ငံမှ တရားမဝင်ခိုးထုတ်လာသည့် အဆင့်မြင့်လက်နက်များကို စပိန်နိုင်ငံတောင်ပိုင်းရှိ ရာဇဝတ်ဂိုဏ်း များက ရယူနိုင်ခဲ့သည်ဟု စပိန်မီဒီယာတစ်ခုက ၂၀၂၄ ခုနှစ် ဇွန်လအတွင်း၌ ဖော်ပြခဲ့သည်ဟု RT သတင်းဌာန ဖော်ပြချက်အရ သိရသည်။
Telegram»…
https://t.me/positiveanglenews