၂၀၂၅ ခုနှစ်အတွင်း တောင်ကိုရီးယားနိုင်ငံမှ EPS လုပ်သား ၂၀၀၀၀ ကျော် ခေါ်ယူမည်


(ပြည်တွင်း) ဖေဖော်ဝါရီ ၈

တောင်ကိုရီးယားအစိုးရအနေဖြင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ EPS လုပ်သား ၂၀,၀၀၀ ကျော်ကို (၅) ကြိမ်ခွဲ၍ ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရပါတယ်။

၂၀၂၅ ခုနှစ်အတွင်း ပထမဆုံးအနေနဲ့ လုပ်သားများခေါ်ယူခြင်းကို မတ်လအတွင်း စတင်မည်ဖြစ်ပြီး ကိုရီးယားအလုပ်ရှင်များက ဖေဖော်ဝါရီလ ၁၀ ရက်မှ ၂၁ ရက်အတွင်း စာရင်းသွင်းလျှောက်ထားရမည်ဖြစ်ကြောင်း ပထမအသုတ်တွင် မြန်မာနိုင်ငံမှ လုပ်သားဦးရေ မည်မျှပါဝင်မည်ကို မသိရသေးတာဖြစ်ပါတယ်။

လုပ်ငန်းအမျိုးအစားအလိုက် ခေါ်ဆိုမည့်လုပ်သားအရေအတွက်မှာ ကုန်ထုတ်လုပ်ငန်းအတွက် ၁၆,၃၂၈ ဦး၊ သင်္ဘောကျင်းလုပ်ငန်းအတွက် ၆၂၅ ဦး၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းအတွက် ၂,၃၄၇ ဦး၊ ရေလုပ်ငန်းအတွက် ၂,၀၇၇ ဦးနှင့် ဆောက်လုပ်ရေးလုပ်ငန်းအတွက် ၄၄၅ ဦးဖြစ်ပါတယ်။

မြန်မာနိုင်ငံမှ တောင်ကိုရီးယားသို့ နှစ်စဥ်လုပ်သားဦးရေ ၁၀,၀၀၀ နီးပါးစေလွှတ်လျက်ရှိပြီး လက်ရှိတွင် မြန်မာလုပ်သား ၇၀,၀၀၀ ကျော်ရောက်ရှိ လုပ်ကိုင်နေကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN