(အားကစား) ဖေဖော်ဝါရီလ ၇

ဘရာဇီးလ်နိုင်ငံသား ဝါရင့်နောက်ခံကစားသမား မာဆယ်လို ဟာ ကစားသမားဘဝကနေ အနားယူခဲ့ပြီ ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။
အသက် ၃၆ နှစ်အရွယ် မာဆယ်လို ဟာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ ဘရာဇီးလ်ကလပ် ဖလူမင်နိစ်အသင်းနှင့် လမ်းခွဲပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေခဲ့ပြီး အခုအချိန်မှာ ကစားသမားဘဝမှ အနားယူခဲ့ပြီဖြစ်တယ်လို့ အတည်ပြုကြေညာခဲ့ပါတယ်။
မာဆယ်လို ဟာ ကစားသမားဘဝမှာ ဖလူမင်နိစ်အသင်း၊ ရီးရဲလ်အသင်း၊ အိုလံပီယာကော့စ်အသင်းတို့မှာ ကစားခဲ့ပြီး ရီးရဲလ်အသင်းနဲ့အတူ ချန်ပီယံလိဂ် ၅ ကြိမ်နှင့်အတူ ဆုဖလားများစွာ ရရှိယူနိုင်ခဲ့ပါတယ်။
Telegram»…
https://t.me/positiveanglenews