အတ္တလန္တာကစားသမား ၂ ဦး ရာသီကုန်အထိနားရမည်


(အားကစား) ဖေဖော်ဝါရီလ ၇

အတ္တလန္တာ တိုက်စစ်မှူး ဆကာမက်ကာ နဲ့ နောက်ခံလူ စကယ်ဗီနီတို့ဟာ ဒဏ်ရာတွေကို ခွဲစိတ်ကုသမှု ခံယူရမှာ ဖြစ်တဲ့အတွက် ရာသီကုန်အထိ အနားယူရတော့မယ်လို့ သိရပါတယ်။

ဒီကစားသမား ၂ ယောက်စလုံးဟာ အခုရာသီအတွင်းမှာ ဒဏ်ရာပြဿနာတွေကိုယ်စီနဲ့ ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။ နောက်ခံကစားသမား စကယ်ဗီနီ ဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးနောက် ပြီးခဲ့တဲ့နိုဝင်ဘာလမှာ အသင်းအတွက် ပြန်ကစားပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ရက်သတ္တပတ်အနည်းငယ်အတွင်း ပခုံးအရွတ်ဒဏ်ရာ ပြန်ရခဲ့လို့ အခုချိန်အထိ အနားယူနေခဲ့ရ ပါတယ်။ တစ်ဖက်မှာလည်း အီတလီတိုက်စစ်မှူး ဆကာမက်ကာဟာ အခုရာသီအတွင်း ပထမဆုံးအကြိမ် ပြန်ကစားမှုအဖြစ် ဖေဖော်ဝါရီလ ၁ ရက်က တိုရီနိုအသင်းနဲ့ပွဲကို ဝင်ရောက် ကစားခဲ့ပါတယ်။

ပွဲကစားချိန် ၅ မိနစ် လောက်သာကစားခဲ့ရပေမဲ့ ဆကာမက်ကာဟာ ဒဏ်ရာထပ်မံရခဲ့ပြီး ဆေးစစ်ချက်တွေ အရ မျှော်လင့်ထားတာထက် ပိုမိုဆိုးရွားခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါကစားသမား ၂ ယောက်စလုံး ဒဏ်ရာတွေကို ခွဲစိတ်ကုသမှုခံယူရတော့မယ်လို့ အတ္တလန္တာအသင်းဘက်က အတည်ပြုသွားခဲ့ပြီး အမြန်ဆုံးသက်သာလာဖို့ မျှော်လင့် နေပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN