တိုင်းပြည်အတွင်းက ဆူပူဆန္ဒပြမှုတွေမှာ အများဆုံးအသုံးပြုခဲ့ကြတဲ့ ကမ္ဘာမကြေဘူး သီချင်းကိုရေးသားခဲ့တဲ့ တေးရေးဆရာ နိုင်မြန်မာ(ခ) နိုင်မြင့်ဦး ကွယ်လွန်

(ပြည်တွင်း) ဖေဖော်ဝါရီ ၇

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တွေအပါအဝင် တိုင်းပြည်အတွင်းက ဆူပူဆန္ဒပြမှုတွေမှာ အများဆုံးအသုံးပြုခဲ့ကြတဲ့ ကမ္ဘာမကြေဘူး သီချင်းကိုရေးသားခဲ့သူ တေးရေးဆရာ နိုင်မြန်မာ(ခ) နိုင့်မြင့်ဦးဟာ ဖေဖော်ဝါရီ ၇ ရက်နေ့ မနက် ၇ နာရီခွဲခန့်က ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြိုနယ်မှာရှိတဲ့ သူ့ရဲ့နေအိမ်မှာ ကွယ်လွန်ခဲ့ပြီလို့ သိရပါတယ်။

သူကွယ်လွန်တဲ့အချိန်မှာ အသက် ၆၈ နှစ်ရှိပြီဖြစ်ပြီး နှလုံးလေဟတ်ပြီး ရုတ်တရက် ကွယ်လွန်သွားတာဖြစ်တယ်လို့လည်း မိသားစုနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

တေးရေး နိုင်မြန်မာဟာ အဆိုတော် စိုးလွင်လွင်၊ လွှမ်းမိုး စတဲ့နာမည်ကျော် အဆိုတော်တွေအတွက် သီချင်းပေါင်းများစွာရေသားပေးခဲ့သူဖြစ်သလို ပလက်ဖောင်းရှိုး၊ ဒုံးယိမ်းည၊ ဝါဆို၊  ချစ်လူမိုက်၊ တူနှစ်ကိုယ်တိုင်းပြည်၊ ရင်တွင်းမေ၊ အပါအဝင် ကမ္ဘာမကြေဘူး တွေကိုပါ ဖန်တီးရေးသားခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

တေးရေးဆရာနိုင်မြန်မာ(ခ) နိုင်မြင့်ဦး ကွယ်လွန်မှုနဲ့ပတ်သက်ပြီး “တေးရေးနိုင်မြန်မာကွယ်လွန်ခြင်းအတွက် ဂီတလောကတခုလုံး ဆုံးရှုံးသလိုခံစားရပါတယ်” ဂီတာပညာရှင် နိုင်ဇော်က သူရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ပြောဆိုထားပါတယ်။

#PAN #နိုင်မြန်မာ #ကမ္ဘာမကြေဘူး #ကွယ်လွန်