မန္တလေး-ရန်ကုန် အမြန်လမ်းမကြီးတွင် ယာဥ်တိုက်မှုဖြစ်ပွားရာမှ ဆရာတော် ၁ပါး ပျံလွန်တော်မူ


(မှုခင်း) ဇန်နဝါရီ ၃၁

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်း မိုင်တိုင်အမှတ် ၃၁၀/၃ဖာလုံ၌ ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်ခန့်က ယာဥ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ နေပြည်တော်မှ မန္တလေးသို့ ဆရာတော် ဦးဝိဇ္ဇာသိဒ္ဓိ၊ သက်တော် ၅၀ နှစ်၊ ဝါတော် ၃၀ ဝါ၊ (ဘ)ဦးကျော်ထင်၊ မစိုးရိမ်ကျောင်းတိုက်၊ စမ်းချောင်းမြို့နယ်နေသူ မောင်းနှင်ပြီး ယာဥ်ပေါ်တွင် ဦးဝိစိတ္တ၊ သက်တော် ၆၆ နှစ်၊ ဝါတော် ၃၄ ဝါ၊ (ဘ)ဦးမင်းမောင်၊ ဂန္တဝင်စိမ်းကျောင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဦးသန့်ဇင်ဦး၊ ၂၅ နှစ်၊ (ဘ)ဦးမြင့်သိန်း၊ တတိယနှစ်-ပထဝီ၊သစ်ဆုံကျေးရွာ၊ ရမည်းသင်းမြို့နယ်၊ ဦးမိုးဇော်၊ ၄၃ နှစ်၊ (ဘ)ဦးပြည်သိန်း၊ ကပ္ပီယ၊ စမုံရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်နေသူတို့ လိုက်ပါလာသည့် YGN-RLG/…….နံပါတ်ပါ WISH အနက်ရောင်ယာဥ်သည် အခင်းဖြစ်နေရာအရောက် လားရာတူရှေ့မှ မောင်းနှင်နေသည့် ကုန်ကားတစ်စီးအား ကျော်တက်စဥ် အရှိန်မထိန်းနိုင်ပဲ လမ်းလယ်ကျွန်းအား ကျော်တက်ကာ မန္တလေး-ရန်ကုန်လမ်းပိုင်း မိုင်တိုင်အမှတ် ၃၁၀/၃အား ဝင်ရောက်တိုက်မိပြီး ရပ်တန့်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဥ်တိုက်မှုကြောင့် ဆရာတော် ဦးဝိစိတ္တတွင် ဦးခေါင်းနောက်စေ့ အတွင်းကြေ၊ နှာခေါင်းသွေးထွက်ဒဏ်ရာတို့ ရရှိကာအခင်း ဖြစ်နေရာတွင် ပျံလွန်တော်မူခဲ့ပြီး ဆရာတော် ဦးဝိဇ္ဇာသိဒ္ဓိတွင် ဦးခေါင်းငယ်ထိပ်ပေါက်ပြဲ၊ ယာ- တံတောင်ဆစ်ပေါက်ပြဲ၊ ရင်ခေါင်းအောင့်ဒဏ်ရာ(စိုးရိမ်ရ)၊ ဦးမိုးဇော်တွင် ဝဲ-မျက်ခုံးပေါက်ပြဲ၊ ယာ- တံတောင်ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)၊ဦးသန့်ဇင်ဦးတွင် ဦးခေါင်းငယ်ထိပ် ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)တို့ အသီးသီးရရှိခဲ့ကြပြီး RLG/……ယာဥ်မှာ ရှေ့လေကာမှန်ကွဲ၊ ခေါင်းနှင့်ဘေးဘယ်ညာကိုယ်ထည် ပိန်ချိုင့်/ပျက်ဆီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး သိန်း ၁၂၀ ခန့် ဆုံးရှုံးပျက်ဆီးခဲ့ကာ လမ်းမကြီးမိုင်တိုင် လဲကျပျက်ဆီးသွားခဲ့ကြောင်း၊ ပျံလွန်တော်မူသည့် ဆရာတော်နှင့် ဒဏ်ရာရရှိသူများအား မိတ္ထီလာဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်သထားရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN