(ပြည်တွင်း) ဇန်နဝါရီ ၂၉
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်၊ကျောက်ပုံကျေးရွာအုပ်စု၊ကျောက်ပုံကျေးရွာအနီး၊ကျောက်ပန်းတောင်း -မိတ္ထီလာသွားကားလမ်း မိုင်တိုင်အမှတ် ၄၁/၀တွင် ခရီးသည်ယာဥ်တစ်စီးမီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

ဇန်နဝါရီ ၂၈ ရက်နေ့ နံနက်၉နာရီ၅၀မိနစ်အချိန်ခန့်က ကျောက်ပန်းတောင်းမြို့နယ်ဘက်မှ မိတ္ထီလာမြို့နယ်ဘက်သို့ ယာဉ် မောင်း ရဲမင်းစိုး၊၄၀နှစ်၊(ဘ)ဦးတင်ကြိုင်၊(၃)လမ်း၊အမှတ်(၄)ရပ်ကွက်၊မှော်ဘီမြို့၊ရန်ကုန်တိုင်းဒေသကြီးနေသူမောင်းနှင်သော ယာဉ်အမှတ် NPW-7K/5749 HONDINE အမျိုးအစား တော်ဝင်ခရီးသည်တင်ယာဉ်သည် ခရီးသည် ၈ဦးနှင့်ကုန်များတင်ဆောင်လာပြီး မောင်းနှင်လာစဥ် အဆိုပါနေရာသို့အရောက်တွင် ယာဉ်၏နောက်ခန်းရှိအင်ဂျင်ခန်းမှ ရှော့ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀နါရီ အချိန်တွင် မီးငြိမ်းသွားခဲ့သည်။

အဆိုပါမီးလောင်မှုကြောင့် ယာဉ်နှင့်ကုန်ပစ္စည်းများ မီးလောင်ဆုံးရှုံးသွားခဲ့ပြီး ယာဥ်မောင်းနှင့်ခရီးသည်များ ထိခိုက်မှုမရှိကြောင်း၊ ဆုံးရှုံးမှုတန်ဖိုးအား မီးသတ်ဦးစီးဌာနမှ စိစစ်ဆဲဖြစ်ကြောင်း၊ ယာဥ်မောင်းဖြစ်သူ ရဲမင်းစိုးအား ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
