အမေရိကန် Capitol စီးနင်းခဲ့သည့် အမှုပေါင်း ၁၆၀၀ နီးပါးကို လွတ်ငြိမ်းချမ်းသာပေး


(နိုင်ငံတကာ) ဇန်နဝါရီ ၂၁

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဇန်နဝါရီ ၆ ရက်နေ့ Capitol တိုက်ခိုက်မှုကြောင့် ဖြစ်ပွားခဲ့သော အမှုပေါင်း ၁၆၀၀ နီးပါးကို လွတ်ငြိမ်းခွင့်ပြုခဲ့သည်။

ပြစ်ဒဏ်ကျခံနေရသူ ၁၂၇၀ ဝန်းကျင်နှင့် ဆိုင်းငံ့ထားသည့်အမှုပေါင်း ၃၀၀ ခန့်ကို အပြည့်အဝ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်းသိရသည်။

ရွေးကောက်ပွဲရလဒ်အား မကျေမနပ်ဖြစ်ပေါ်ခဲ့သည့် ထရမ့်ထောက်ခံသူများသည် ပြင်းထန်စွာဆန္ဒပြခဲ့ပြီးနောက် အမေရိကန် Capitol ကို ဝင်ရောက်စီးနင်းဖျက်ဆီးခဲ့သည်။

အဆိုပါလွတ်ငြိမ်းချမ်းသာမှုကြောင့် အမေရိကန်တရားစီရင်ရေးနှင့် ရဲဝန်ထမ်းအချို့မှ သမ္မတထရမ့်အား ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်။

Telegram»…
https://t.me/positiveanglenews

PAN