တရုတ်ဘာသာစကား ကျွမ်းကျင်မှုသင်တန်း ဖွင့်လှစ်နိုင်ရေး ရည်ရွယ်ချက်စာချွန်လွှာ (MOI) လက်မှတ်ရေးထိုး


(ပြည်တွင်း) ဇန်နဝါရီ ၂၀

တရုတ်ဘာသာစကား ကျွမ်းကျင်မှုသင်တန်း (Training in Chinese Language Proficiency) ဖွင့်လှစ်နိုင်ရေး ရည်ရွယ်ချက်စာချွန်လွှာ (MOI) ကိုနေပြည်တော်ရှိ Jasmine Palace Hotel မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် ပူးပေါင်း၍ တရုတ်ဘာသာစကား ကျွမ်းကျင်မှုသင်တန်း (Training in Chinese Language Proficiency)ဖွင့်လှစ်နိုင်ရေးကို စီစဉ်ခြင်းဖြစ်ကြောင်း သိရပါတယ်။

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အနေနဲ့ ယူနန်ပြည်နယ်ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးရဲ့ ကူညီပံ့ပိုးမှုနှင့် တရုတ်ဘာသာစကားကျွမ်းကျင်မှုသင်တန်း (ပထမအဆင့်)ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့မှ စက်တင်ဘာလ ၂ ရက် အထိ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း၊ သင်တန်းသား အရာထမ်း၊ အမှုထမ်း စုစုပေါင်း ၃၅ ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းသားအားလုံး ပထမအဆင့် Level 1 ကို ဖြေဆိုအောင်မြင်ခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။

တရုတ်ဘာသာစကားကျွမ်းကျင်မှုသင်တန်းကို အဆင့်အလိုက် ဆက်လက်ဖွင့်လှစ်သွားနိုင်ရန် ရည်ရွယ်ပြီး မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဟွာချောင်တက္ကသိုလ်နှင့် ယူနန်ပြည်နယ် ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးတို့အကြား သုံးဦးသုံးဖလှယ်ပါဝင်တဲ့ ရည်ရွယ်ချက်စာချွန်လွှာကိုလက်မှတ်ရေးထိုးနိုင်ခဲ့မှုအပေါ် အသိအမှတ်ပြုဂုဏ်ယူ ကြောင်းမြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့ပါတယ်။

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် ဟွာချောင်တက္ကသိုလ်၊ မြန်မာနိုင်ငံဆိုင်ရာ ယူနန်ပြည်နယ် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးတို့အကြား ရည်ရွယ်ချက်စာချွန်လွှာ (MOI) ကို လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြပါတယ်။

အဆိုပါရည်ရွယ်ချက်စာချွန်လွှာအရ တရုတ်ဘာသာစကား ကျွမ်းကျင်မှုသင်တန်း Level 2 မှ Level 4 အထိ ဆက်လက် ဖွင့်လှစ်သင်ကြားနိုင်မည်ဖြစ်ပြီး ပညာရေးနှင့် လေ့ကျင့်ရေး စီမံကိန်းများ၊ စီးပွားရေးဆိုင်ရာသုတေသနလုပ်ငန်း များနှင့် ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲများအား အပြန်အလှန် ကျင်းပဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ Silk Road Chinese Government Scholarship ကို ဟွာချောင်တက္ကသိုလ်တွင် တက်ရောက်နိုင်ရေးလည်း ဆက်လက် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ စီးပွားရေးနှင့်ကုန်သွယ်မှုဆက်ဆံရေးများကိုလည်း ပိုမိုခိုင်မာစေမှာ ဖြစ်ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN