(နိုင်ငံတကာ) ဇန်နဝါရီ ၁၉
အမေရိကန်နိုင်ငံမှာ TikTok လူမှုမီဒီယာ အသုံးပြုလိုမရတော့ပါဘူး။ TikTok ကို ပိတ်ပင်မယ့် ဥပဒေသစ်ကို အမေရိကန်က ချမှတ်ဖို့ နီးကပ်လာချိန် တစ်နိုင်ငံလုံးမှာ TikTok အသုံးပြုလို့မရတော့တာကြောင်း သိရပါတယ်။
အမေရိကန်နိုင်ငံက TikTok သုံးစွဲသူတွေဟာ app ထဲကို ဝင်တဲ့အခါ “ဝန်ဆောင်မှုမရနိုင်တော့ပါဘူး” ဆိုတဲ့ ထုတ်ပြန်မက်ဆေ့ချ်ကိုသာ မြင်တွေ့နေရကြရတာဖြစ်ကြောင်း သိရပါတယ်။
TikTok နဲ့အတူ နောက်ထပ် app တစ်ခုဖြစ်တဲ့ CapCut ကလည်း အမေရိကန်နိုင်ငံအတွင်း သူတိုရဲ့ ဝန်ဆောင်မှုတွေကို ဆိုင်းငံ့လိုက်ပါသေးတယ်။ အဆိုပါ app ကတော့ ဗီဒီယိုတွေကို တည်းဖြတ်မှုပြုလုပ်နိုင်ပြီး TikTok ရဲ့ မိခင်ကုမ္ပဏီ ByteDance ကပဲ ပိုင်ဆိုင်တဲ့ app ဖြစ်ကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews