အီရန်သမ္မတ ပီဇက်ရှ်ကီရမ် ရှရှားနိုင်ငံ မော်စကိုမြို့သို့ရောက်ရှိ


(နိုင်ငံတကာ) ဇန်နဝါရီ ၁၈

အီရန်သမ္မတ မာဆွတ်ပီဇက်ရှ်ကီရမ် သည် ရုရှားသမ္မတ ပူတင် နှင့် တွေ့ဆုံဆွေးနွေးရေးအတွက် မော်စကိုမြို့ သို့ ဇန်နဝါရီလ ၁၇ ရက်တွင် ရောက်ရှိနေကြောင်း သိရသည်။

အဆိုပါခရီးစဉ်သည် အီရန်သမ္မတ ပီဇက်ရှ်ကီရမ် အတွက် သမ္မတရာထူး ရယူပြီးနောက်ပထမဆုံး ရုရှားနိုင်ငံခရီးစဉ်ဖြစ်သည်။

သမ္မတ ပီဇက်ရှ်ကီရမ် သည် ရုရှားနိုင်ငံခရီးစဉ်အတွင်း ရုရှားသမ္မတ ပူတင် နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံဆက်ဆံရေး ကိစ္စများနှင့် နိုင်ငံတကာပြဿနာများကို ဆွေးနွေးမည် ဖြစ်ကြောင်း ရုရှားမီဒီယာများက သတင်းထုတ်ပြန်ထားသည်။

ယင်းအပြင် ရုရှားနိုင်ငံခရီးစဉ်အတွင်း အီရန်သမ္မတ ပီဇက်ရှ်ကီရန် နှင့် ရုရှားသမ္မတ ပူတင် တို့သည် နှစ်နိုင်ငံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးမည်ဖြစ်သည်။

ရုရှားနိုင်ငံသည် ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အမေရိကန်နိုင်ငံနှင့် ဆက်ဆံရေးပြေလည်ခြင်း မရှိသော အီရန်နိုင်ငံနှင့် မြောက်ကိုရီယားနိုင်ငံ ကဲ့သို့ အာရှနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ခဲ့သည်။

နှစ်နိုင်ငံမဟာဗျူဟာမြောက် မိတ်ဖက်သဘောတူညီချက်တွင် အီရန်နှင့်ရုရှားတို့ကြား ကာကွယ်ရေးပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးလည်းပါဝင်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN