(မှုခင်း) ဇန်နဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ညောင်ပင်ကုန်းကျေးရွာနှင့် သရက်ကန်ကျေးရွာကြား မြေသားလမ်းအနီးတွင် ဇန်နဝါရီ ၁၆ နေ့နံနက် ၁၁ နာရီ ၄၅ မိနစ် အချိန်ခန့်က ပဲစင်းငုံရိတ်သိမ်းရန်သွားသည့် တောင်သူတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရသည်။
အဆိုပါ သေဆုံးသူမှာ ဦးချစ်ဝင်း၊ ၆၃ နှစ်၊ (ဘ)ဦးကျော်တင်၊ တောင်သူ၊ ညောင်ကန်ကျေးရွာ၊ တံတားဦးမြို့နယ်နေသူဖြစ်ပြီး အလောင်းအား သေဆုံးသူ၏ညီမဖြစ်သူ နှင့်အဖွဲ့မှ တွေ့ရှိပြီး မြို့သာကျေးရွာရှိ နာရေးကူညီမှုအသင်းယာဉ်ဖြင့် သယ်ဆောင်လာကာ မြို့သာတိုက်နယ်ဆေးရုံသို့ ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ မြို့သာတိုက်နယ်ဆေးရုံသို့ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူ ဦးချစ်ဝင်းတွင် လည်ပင်းပြတ်ရှဒဏ်ရာ ၁ ချက်နှင့် ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဝဲ-လက်ဖဝါး လက်မအောက် ကျည်ဖောက်ဝင်/ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်နှင့် ပွန်းပဲ့ဒဏ်ရာ၊ ဝဲ-လက်မောင်း ထိုးသွင်းဒဏ်ရာ ၁ ချက်တို့ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဦးချစ်ဝင်းသည် တံတားဦးမြို့နယ်၊ ညောင်ကန်ကျေးရွာတွင် နေထိုင်သူဖြစ်ပြီ ဇန်နဝါရီ ၁၆ နေ့နံနက် ၄ နာရီအချိန်တွင် ပဲစင်းငုံ ရိတ်သိမ်းရန်အတွက် ပဲစင်းငုံခင်းရှိသည့် တံတားဦးမြို့ နယ်၊ အမေဂျမ်းတောင်အနီးရှိ ပဲစင်းငုံခင်းသို့ ပဲစင်းငုံခုတ်သည့် အလုပ်သမားများနှင့်အတူ ထွက်ခွာသွားခဲ့ကြောင်း၊ ဇန်နဝါရီ ၁၆ နံနက် ၉ နာရီ အချိန်ခန့်တွင် ဦးချစ်ဝင်းသည် ပဲစင်းငုံခင်း၏ အနောက်ဘက်သို့ တစ်ဦးတည်း ထွက်ခွာသွားရာမှ သေနတ်သံကြားရပြီးနောက် လူပြန်လည်ရောက်ရှိလာခြင်း မရှိသဖြင့် ညီမဖြစ်သူနှင့်အဖွဲ့မှ လိုက်လံရှာဖွေခဲ့စဉ် ငါန်းဇွန်မြို့နယ်၊ ညောင်ပင်ကုန်းကျေးရွာနှင့် သရက်ကန်ကျေးရွာကြား မြေသားလမ်း၏ အနောက်ဘက်ခြမ်းတွင် ဒဏ်ရာများဖြင့်သေ ဆုံးနေသည်ကိုတွေ့ရှိ၍ သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews