ကျိုက်ထိုမြို့ရှိ ထိုင်တော်မူရုပ်ပွားတော်ကြီးအနီးတွင် ဥာဏ်တော် ပေ ၃၆၀ ကျော်ရှိ ရပ်တော်မူရုပ်ပွားတော်ကြီးတစ်ဆူ တည်ထားမည်

(ပြည်တွင်း) ဇန်နဝါရီ ၁၃

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ ဘုရားသုံးဆူတောင်ပေါ်ရှိတည်ထား မြန်မာနိုင်ငံတွင် အကြီးဆုံးနှင့် ကမ္ဘာတွင် ဒုတိယမြောက်အကြီးဆုံး ထိုင်တော်မူရုပ်ပွားတော်အနီးတွင် ပေပေါင်း ၃၆၀ ကျော်အမြင့်ရှိ ရပ်တော်မူ ရုပ်ပွားတော်တစ်ဆူ ထပ်မံတည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

ထိုင်တော်မူ ဂေါတမ ဗုဒ္ဓမြတ်စွာ ဘုရားကြီး၏ ဉာဏ်တော်အမြင့်မှာ ၇၇.၈၇၆၄ မီတာ (၂၅၅.၅၀၀ ပေ) ရှိပြီး ယခုတည်ထားမည့် ရုပ်တော်မူ ရုပ်ပွားတေယ်ကြီး၏အမြင့်မှာ ပုလ္လင်တော်အပါ ၃၆၃ ပေဖြစ်ကြောင်း သိရသည်။

ဘုရားသုံးဆူတောင်ပေါ်တွင် ထိုင်တော်မူ ဂေါတမ ဗုဒ္ဓမြတ်စွာ ဘုရားကြီး၊ မဟာဗောဓိစေတီတော်မြတ်ကြီးနှစ်ဆူ တည်ထားကိုးကွယ်ခဲ့ပြီးဖြစ်ပြီ ဘုရား ၃ ဆူပြည့်ရန် ပေပေါင်း ၃၆၀ ကျော်အမြင့်ရှိ ရပ်တော်မူ ရုပ်ပွားတော်တစ်ဆူ ထပ်မံတည်ဆောက် ထပ်မံတည်​ထားခြင်းဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

အဆိုပါ ပေပေါင်း ၃၆၀ ကျော်အမြင့်ရှိ ရပ်တော်မူ ရုပ်ပွားတော်တစ်ဆူတည်ထားမည့် မြေသန့်မင်္ဂလာအခမ်းအနားနှင့် ဘုရားသုံးဆူတောင်ပေါ်ကျောင်း ဘုရားသုံးဆူဆရာတော်ထံမှ သြဝါဒခံယူကြခြင်း အခမ်းအနားအား ယခုလ ၁၀ ရက်နေ့ မနက် ၅ နာရီက အဆိုပါ ဘုရားသုံးဆူတောင်ပေါ်ကျောင်းရှိ မြေနေရာတွင်ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

#PAN #ကျိုက်ထိုမြို့ #ရပ်တော်မူ ရုပ်ပွားတော်