အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် ကြောင့် မတ္တရာမြို့နယ် Grade-1 ကျောင်းသားတစ်ဦး လက်ချောင်းလေးများပြတ်တောက်ခဲ့ရ

(ပြည်တွင်း)ဇန်နဝါရီ ၁၄

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေး အထွေထွေရောဂါကုဆေး ရုံကြီး၊အရေးပေါ်နှင့်ပြင်ပလူနာဌာနသို့ ယနေ့မညနေ၄နာရီ၁၅မိနစ်အချိန်ခန့်က မတ္တရာမြို့ ပြည်သူ့ဆေးရုံမှ ဆေးကုသမှုဆက်လက်ခံယူရန် လွှဲပြောင်းပေးခဲ့သည့် မိုင်းစထိမှန်ဒဏ်ရာရရှိသူ ကလေးငယ် ၁ဦး ရောက်ရှိနေကြောင်း သိရသည်။

အဆိုပါ ဆေးကုသရန်ရောက်ရှိနေသူများကလေးမှာ မောင်မြတ်သုတဇော်၊၈နှစ်၊(ဘ)ဦးဇော်ဇော်၊Grade-1၊ ကျောင်းသား၊အ.လ.က (၃)၊သရက်တောတောင်ခြံကျေးရွာ၊မတ္တရာမြို့နယ်နေသူဖြစ်ပြီး ၎င်းတွင် ဝဲဘက်လက်ချောင်းများပြတ်ဒဏ်ရာ ရရှိိထားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယမန်နေ့ ၁နာရီခွဲ အချိန်ခန့်တွင် ​မောင်မြတ်သုတဇော်သည် နေအိမ်၏မြောက်ဘက်ကပ်လျှက်ရှိ ဦးဝင်းကျော်၏ ရွှေပန်း/ငွေပန်း စိုက်ခင်းထဲသို့ ဆော့ကစားရန်သွားရောက်စဥ် ပန်းစိုက်ခင်းထိပ်တွင် အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသော မိုင်းအားဆော့ကစားရန် ကောက်ယူစဥ် ပေါက်ကွဲရာမှ ဒဏ်ရာရရှိခြင်းဖြစ် ကြောင်း မိခင်ဖြစ်သူ၏ ပြောပြချက်အရ သိရှိရမှုအား သိရသည်။

#PDF #မိုင်းပေါက်ကွဲ #ကလေးငယ် #မတ္တရာ