တာချီလိတ်မြို့တွင် အမျိုးသား တစ်ဦး ဓါးဒဏ်ရာများဖြင့် သေဆုံး


(မှုခင်း) ဇန်နဝါရီ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ ဓါးဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသား ၁ ဦးကို လူမှုကူညီရေးအသင်းမှ တာချီလိတ်ခရိုင်ပြည်သူ့ ဆေးရုံကြီးသို့ ဇန်နဝါရီ ၉ ရက်နံနက်ပိုင်းက လာရောက်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ တာချီလိတ်-မိုင်းဆတ်သွား ကားလမ်းမဘေးရှိ နေအိမ်တွင် အာကာ(ခ)မောင်ပိန်မှာ အခန်းတံခါးပိတ်ထားလျက် ညည်းတွားနေသဖြင့် ပတ်ဝန်းကျင်မှ ဝိုင်းဝန်းအော်ခေါ်မရ၍ ဝင်ရောက်ကြည့်ရှုခဲ့ရာ သွေးထွက်ဒဏ်ရာများဖြင့် လဲကျနေသည်ကို တွေ့ရ၍ တာချီလိတ်မြို့၊ “ဦးလှမိုး” လူမှုကူညီ ရေးအသင်းသို့ အကြောင်းကြားကာ တာချီလိတ်ခရိုင်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စဉ် ရရှိသော ဓါးဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးရာ အာကာ(ခ)မောင်ပိန်၊ ၂၅ နှစ်ခန့်၊ ကျပန်းလုပ် (ကိုယ်ရေးအချက်အလက်စုံစမ်း ဆဲ)သည် ဝဲဘက်နားထင်၊ ဦးခေါင်းနောက်စေ့နှင့် ဝဲဘက်လက်ပြင်တို့တွင် ပြတ်ရှဒဏ်ရာ ၁ ချက်စီ သေဆုံးခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

အမှုမှ အာကာ(ခ)မောင်ပိန်အား သေဆုံးအောင် ဓါးဖြင့် ခုတ်ခဲ့သူအား ဖမ်းဆီးရမိရေးအတွက် ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN