ဒလမြို့နယ်၊ ဇေယျသိဒ္ဓိကျောင်းတိုက်အားဇေယျသိဒ္ဓိကျောင်းတိုက် ကျောင်းအကျိုးတော်ဆောင်အဖွဲ့ထံသို့ ပေးစွန့်လှူဒါန်းခြင်းအခမ်းအနားကျင်းပ


(ပြည်တွင်း) ဇန်နဝါရီ ၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ ဗိုလ်ရန်ပြေရပ်ကွက်၊ ဒလ – တွံတေး ကားလမ်းမကြီးဘေး၊ ဇေယျသိဒ္ဓိကျောင်းတိုက်ဝန်းရှိ ဝိမလာရာမသာသနာ့ဗိမာန်တော်၌ လယ်ပေါ်ကျောင်းတိုက်၏ ပဓာနနာယကကျောင်းထိုင်ဆရာတော်ကြီး ဘဒ္ဒန္တ ဝိမလာဘိဓဇက ၎င်းပုဂ္ဂလိက ပိုင်ဆိုင်သော ဗိုလ်ရန်ပြေရပ်ကွက်ရှိ ဇေယျသိဒ္ဓိကျောင်းတိုက်အား ဇေယျသိဒ္ဓိကျောင်းတိုက် ကျောင်းအကျိုးတော်ဆောင်အဖွဲ့ထံသို့ပေးစွန့်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့ ၊ ဇန်နဝါရီ ၇ ရက်နေ့၊ မွန်းတည် ၁၂:၀၀ နာရီအချိန်တွင် ကျင်းပခဲ့သည်။

အခမ်းအနားအား နမောတဿ (၃) ကြိမ် ရွတ်ဆိုဖွင့်လှစ်ခဲ့သည်။ ဦးစွာ ဒလမြို့နယ်၊ မြို့မ (၄)ရပ်ကွက်၊ လယ်ပေါ်ကျောင်းတိုက်၏ ပဓာနနာယကကျောင်းထိုင်ဆရာတော် သာသနဓဇ ဓမ္မာစရိယ ဘဒ္ဒန္တ ဝိမလာဘိဓဇက ဩဝါဒပေးခြင်း၊ ဇေယျသိဒ္ဓိကျောင်းတိုက်ဖြစ်ပါ်လာပုံ သမိုင်းအကျဥ်းနှင့် ကျောင်းစွန့်ပေးအပ် လှူဒါန်းရခြင်းအား အကျယ်တဝင့် ရှင်းလင်း ဟောပြော တော်မူသည်။

ဦးစွာ ဒလမြို့နယ်၊ မြို့မ (၄)ရပ်ကွက်၊ လယ်ပေါ်ကျောင်းတိုက်၏ ပဓာနနာယ ကျောင်းထိုင်ဆရာတော်က ဇေယျသိဒ္ဓိကျောင်းတိုက်အား ဇေယျသိဒ္ဓိကျောင်းတိုက် ကျောင်းအကျိုးတော် ဆောင်အဖွဲ့ထံသို့ ပေးစွန့်လှူဒါန်းခြင်း စာချုပ်အား မြို့နယ် သံဃယနာယက ဥက္ကဋ္ဌ ဆရာတော် အဂ္ဂမဟာ ဂန္တဝါစက ပဏ္ဍိတအရှင်သူမြတ်နှင့် မြို့နယ်သံနာယကအဖွဲ့ဝင် ဆရာတော်များ၊ ဇေယျသိဒ္ဓိကျောင်းတိုက်ရှိ သံဃာတော်များ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးရွှေလှိုင်နှင့် အထွေထွေဦးစီးဌာနမှ ဝန်ထမ်းများ၊ သာသနာ ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊မြို့မ(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်နီမိုးဝင်း၊ ဗိုလ်ရပ်ပြေရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်သူဇာလှိုင်နှင့် ဇေယျသိဒ္ဓီကျောင်း တိုက် ဒါယကာ ဒါယိကာမများ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးလှူဒါန်းရာ တာဝန်ရှိသူများကအသီးသီး လက်မှတ်ရေးထိုးခဲ့ကြသည်။

ဆက်လက်၍ မြို့နယ် သံဃယနာယက ဥက္ကဋ္ဌ ဆရာတော် အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတအရှင်သူမြတ်က ဝမ်းမြောက်ကြောင်း အနုမောဒနာတရား ဟောကြားတော်မူပြီး၊ လယ်ပေါ် ကျောင်းတိုက်၏ ပဓာနနာယကကျောင်းထိုင်ဆရာတော်က ရေစက်သွန်းချအနုမောဒနာ တရားဟောကြားတော်မူခဲ့သည်။ အဆိုပါကျောင်း စွန့်ပေးအပ်လှူဒါန်းခြင်း အခမ်းအနား ပထမပိုင်းအား ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အောင်မြင်စွာပိတ်သိမ်းခဲ့သည်။

ဆက်လက်၍ အခမ်းအနားအစီစဥ် ဒုတိယအပိုင်းကို ကျင်းပရာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့သည်။ထို့နောက် မြို့နယ် သံဃယနာယက ဥက္ကဋ္ဌ ဆရာတော် အဂ္ဂမဟာ ဂန္တဝါစက ပဏ္ဍိတအရှင်သူမြတ်က ဩဝါဒကထာကို မိန့်ကြားတော်မူသည်။

ဆက်လက်၍ ဇေယျသိဒ္ဓိကျောင်းတိုက် တာဝကာလိက ကျောင်းထိုင်အဖြစ် လှူဒါန်းပွဲ အခမ်းအနားကျင်းပရာ ဗိုလ်ရန်ပြေရပ်ကွက် ဒါယိကာ၊ ဒါယိကာမတို့ ကိုယ်စား ကျောင်းအကျိုးတော် ဆောင်အဖွဲ့က ဇေယျသိဒ္ဓိကျောင်းတိုက်အား စာချုပ်စာတမ်းနှင့်တကွ သာသနဓဇ ဓမ္မစရိယ၊ ဝိနယဝိဒူ၊ ဒိယနိကာယဝိဒူ၊ အဘိဓမ္မဒိဒူ ဦးပညာစက္ကထံသို့ တာဝကာလိက ကျောင်းထိုင်အဖြစ် အသိသက်သေများ ရှေ့မှောက်တွင် လက်မှတ်ရေးထိုး လှူဒါန်းခဲ့ကြသည်။

ထို့နောက် ဒလမြို့နယ် သံဃနာယကအဖွဲ့ဝင် ရွှေရှမ်းကန်ဆရာတော်က ဝမ်းမြောက်ကြောင်း အနုမော်ဒနာတရားများ ဟောကြားတော်မူခဲ့ပြီး၊ အခမ်းအနား အစီစဥ် ဒုတိယအပိုင်းဖြစ်သည့် ဇေယျသိဒ္ဓိကျောင်းတိုက် တာဝကာလိက ကျောင်းထိုင်အဖြစ် လှူဒါန်းပွဲအား ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အောင်မြင်စွာပိတ်သိမ်းခဲ့သည်။

သန်းဇော်ဦး ဒလ

VK Link>>…
https://vk.com/wall-220066330_10222

Telegram»…
https://t.me/positiveanglenews

PAN