(နိုင်ငံတကာ) ဒီဇင်ဘာ ၂၃
ဂျပန်နိုင်ငံ၏ အကြီးဆုံး ကားကုမ္ပဏီများတွင် ပါဝင်သည့် Honda နှင့် Nissan တို့ ပေါင်းစည်းရန် သဘောတူညီချက်တစ်ရပ်ကို မကြာခင် ဖော်ထုတ်ပြသဖွယ်ရှိကြောင်းသိရသည်။
အဆိုပါသဘောတူညီမှုအား လာမည့် ၂၀၂၅ ခုနှစ် ဇွန်လတွင် ရည်ရွယ်ထားကြောင်း ကုမ္ပဏီနှစ်ခုမှ သတင်းမီဒီယာများအား ထုတ်ဖော်ပြောဆိုထားသည်။
ဂျပန်ကားကုမ္ပဏီများသည် တရုတ်နိုင်ငံထုတ်လျှပ်စစ်ကားများနှင့် Tesla ကုမ္ပဏီတို့၏ စိန်ခေါ်မှုများအား ရင်ဆိုင်နေရသောကြောင့် ယခုကဲ့သို့ ပေါင်းစည်းမှုပြုလုပ်ခဲ့ကြောင်း ကျွမ်းကျင်သူများက သုံးသပ်နေသည်။
အဆိုပါ ကုမ္ပဏီနှစ်ခုသည် ဂျပန်နိုင်ငံတွင် တိုယိုတာကုမ္ပဏီနောက်တွင်ရပ်တည်သည့် ကုမ္ပဏီများဖြစ်ပြီး Honda က ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄၀ ဘီလီယံတန်ဖိုးရှိပြီး Nissam က ဒေါ်လာ ၁၀ ဘီလီယံတန်ကြေးရှိကြောင်းသိရသည်။
Honda နှင့် Nissan ကုမ္ပဏီများသည် ယနေ့ တနင်္လာနေ့တွင် ဘုတ်အဖွဲ့အစည်းအဝေးခေါ်ယူခဲ့ပြီး သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
Telegram»…
https://t.me/positiveanglenews