(ပြည်တွင်း) ဒီဇင်ဘာ ၂၃
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ကာလတို ဖြေရှင်း နိုင်ရန်အတွက် LNG ဓာတ်အားပေးစက်ရုံ စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး စီစဉ် ဆောင်ရွက်နေတယ်လို့ ဒီဇင်ဘာလ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနေတဲ့ ဓာတ်အားပေးစက်ရုံတွေရဲ့ အရင်းအမြစ်အလိုက် စုစုပေါင်း တပ်ဆင်စက်အင်အားမှာ ၇,၂၇၂ မဂ္ဂါဝပ်ရှိပြီး အဲဒီစက်တွေကို စွမ်းအားပြည့်မောင်းနှင်လည်ပတ်နိုင်ပါက မဂ္ဂါဝပ် ၄,၀၀၀ လောက် ထုတ်လုပ်ဖြန့်ဖြူးနိုင်မှာ ဖြစ်တယ်လို့သိရပါတယ်။
လျှပ်စစ်ထုတ်လုပ်မှု လျော့နည်းရရှိမှုကို ပြန်လည်ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ဖျက်ဆီးခံရတဲ့ လျှပ်စစ်ဓာတ်အားလိုင်းတွေနဲ့ သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ ဓာတ်အားပေးစက်ရုံတွေကို အမြန်ဆုံးပြင်ဆင်ပြီးစီးနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်းကိုလည်း ထုတ်ပြန်ချက်အရ သိရပါတယ်။
ယခုအချိန်မှာ တစ်ရက်ကို ပျမ်းမျှ ၂,၄၀၀ မဂ္ဂါဝပ်လောက်သာ ထုတ်လုပ်နိုင်တာကြောင့် လိုအပ်ချက်ရဲ့ ၅၅ ရာခိုင်နှုန်းကိုသာ ထုတ်လုပ်ပေးနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ရေရှည်တိုးတက် သုံးစွဲလာတဲ့ လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းနိုင်ဖို့အတွက် နိုင်ငံရဲ့အရင်းအမြစ်တွေဖြစ်တဲ့ ရေ၊ နေ၊ လေ တို့က လည်း ထုတ်လုပ်နိုင်ရေးကို စီမံဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။
#PAN