(နိုင်ငံတကာ) ဒီဇင်ဘာ ၂၃
မိုဇင်ဘက်နိုင်ငံတွင် ဆိုင်ကလုန်းမုန်တိုင်းချီဒိုကြောင့် လူ ၁၀၀ နီးပါးသေဆုံးခဲ့ကြောင်း အာဏာပိုင်များကထုတ်ပြန်ထားသည်။
နိုင်ငံ၏ အမျိုးသား ဘေးအန္တရာယ်နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အင်စတီကျု (INGD) က မုန်တိုင်းကြောင့် လူပေါင်း ၇၆၈ ဦး ဒဏ်ရာရရှိခဲ့ပြီး လူပေါင်း ၆၂၂,၀၀၀ ကျော် သဘာဝဘေးသင့်ခဲ့ကြောင်းသိရသည်။
ဆိုင်ကလုန်းမုန်တိုင်း ချီဒိုသည် ဒီဇင်ဘာလ ၁၅ ရက်နေ့က မိုဇင်ဘက်နိုင်ငံသို့ စတင်တိုက်ခိုက်ခဲ့ပြီး လေတိုက်နှုန်း တစ်နာရီလျှင် ၁၆၀ မိုင်အထိ တိုက်ခတ်ခဲ့ကြောင်းသိရသည်။
မုန်တိုင်းကြောင့် နိုင်ငံ၏ ပညာရေးကျန်းမာရေးဆိုင်ရာ ကဏ္ဍများကို ထိခိုက်စေခဲ့ပြီး ကျောင်းသား ကျောင်းသူ သိန်းနှင့်ချီ ထိခိုက်ခဲ့ပြီး စာသင်ကျောင်းနှင့် အခြေခံအဆောက်အအုံများ ဆိုးရွားစွာပျက်စီးခဲ့သည်။
မိုဇင်ဘက် အာဏာရပါတီခေါင်းဆောင်က အစိုးရအနေဖြင့် မုန်တိုင်းသင့်ပြည်သူများအတွက် အဆင့်ဆင့် ပံ့ပိုးကူညီမှုများ လုပ်ဆောင်နေပြီး ပြန်လည်ထူထောင်ရေးများလုပ်ဆောင်နေကြောင်း ဒေသတွင်းမီဒီယာများထံ ပြောကြားခဲ့သည်။
#PAN