ညီဖြစ်သူ၏ မင်္ဂလာ ဧည့်ခံပွဲသို့ လာရောက်သည့်တပ်မတော်အရာရှိတစ်ဦးနှင့် ညီမဖြစ်သူတို့ ပစ်ခတ်ခံရ

(ပြည်တွင်း) ဒီဇင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အထက်ဗဟိုလမ်း၊ အမှတ်(၁၃၁)ရှိ APOLLO Hotel တွင် ညီဖြစ်သူ ၏ မင်္ဂလာ ဧည့်ခံပွဲသို့ လာရောက်သည့် အကိုဖြစ်သူနှင့် ညီမဖြစ်သူတို့အား အကြမ်းဖက်PDFနှစ်ဦးမှ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၁နာရီ၄၀မိနစ်အချိန်ခန့်က APOLLO Hotel တွင် ညီဖြစ်သူ ၏ မင်္ဂလာ ဧည့်ခံပွဲသို့လာရောက်သည့်  ဗိုလ်မှူး ဇေယျာမင်းသည်  Toyota Wish အဖြူရောင်ယာဥ်ဖြင့် မင်္ဂလာဧည့်ခံပွဲပြီးဆုံး၍ Hotel မှ ပြန်လည်ထွက်ခွာစဥ် Hotel ရှေ့ အထက်ဗဟိုလမ်းပေါ်အရောက်၌ အမျိုးသား ၂ ဦးမှ ပစ္စတိုသေနတ်ဖြင့် ၄ ချက်ခန့် ပစ်ခတ်ပြီး အမှတ်(၂ ) ရပ်ကွက်၊ ဒေါ်လှပန်းလမ်းအတွင်းသို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ဗိုလ်မှူး ဇေယျာမင်းတွင် ယာလက်ဖျံ ဖောက်ဝင်ဒဏ်ရာ(မစိုးရိမ်ရ) ၃ ချက်၊ ညီမဖြစ်သူ မထက်ထက်၊ ၂၆ နှစ်၊ (ဘ)ဦးလှမင်း၊ ပိန္နဲကုန်းရပ်ကွက် ၊ အင်းစိန်မြို့နယ်နေသူတွင် ယာခါးရှပ်ထိဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

သေနတ်ထိမှန်ဒဏ်ရာရရှိသူ ဗိုလ်မှူး ဇေယျာမင်းနှင့် ညီမဖြစ်သူတို့ အား မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၁)တပ်မတော်ဆေးရုံ(ကုတင် ၁၀၀၀)သို့ ပို့ဆောင် ကုသမှုခံယူလျက်ရှိကြောင်း ၊ပစ်ခတ်သွားသည့် အမျိုးသား ၂ ဦး နောက်သို့ နယ်မြေခံ  လုံခြုံ​ရေးတပ်ဖွဲ့ဝင်များမှလိုက်လံရှာဖွေ ဖမ်းဆီးရမိစေရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#PAN